ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မေ ၁၈ ရက်

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးနှင့် ကင်းပတ်ရန်ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၂) ထံက သိရသည်။

 

ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာ အခြေစိုက် ခမရ-၁၀ တပ်ရင်းမှ အင်အား ၆၀ ဦးပါစစ်ကြောင်းကို သဲမဲရွာနှင့် ဖောင်အိုင်ရွာကြားတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက မိုင်း ခုနှစ် ကြိမ်ခွဲ၍ တိုက်ခိုက်ခဲ့ရာ တပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်မှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး သေဆုံးအလောင်းများမှင့် ဒဏ်ရာရရှိသူများကို ခမရ-၁၀ တပ်ရင်းအတွင်းသို့ ပြန်သယ်သွားကာ စစ်ကြောင်းဆုတ်ခွါခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အဆိုပါစစ်ကြောင်းမှာ သဲမဲရွာအတွင်းမှ ဆိုင်ကယ် ခြောက်စီးနှင့် ခိုင်းနွား နှစ်ကောင်ကိုလည်း လုယူခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ ဒေသခံ နေအိမ် ကိုးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ပေါက်တောရွာအခြေစိုက် ခလရ-၁၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များမှာ အနီးဝန်းကျင်ရှိကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးလှည့်လည်လေ့ရှိပြီး ပြီးခဲ့သည့် မတ်လအတွင်းက တိုက်ခိုက်မှုတွင်လည်း စစ်ကြောင်းမှူးတစ်ဦးအပါဝအဝင် နှစ်ဦးသေဆုံးခဲ့ပြီး အဆိုပါစစ်ကြောင်းသည် သဲမဲရွာမှ နေအိမ် ၃၀ လုံးနှက့်အထက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ပေးပို့(ပုံဟောင်း)