ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
မေလ ၁၅ ရက်က အမေရိကန်နဲ့ နိုင်ဂျီးရီးယား တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေး တစ်ခုအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ အိုင်စစ် (IS) အကြမ်းဖက်အဖွဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို အသေပစ်ခတ်နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က အာဖရိကတိုက်ရဲ့ လူဦးရေအများဆုံး နိုင်ဂျီးရီးယားနိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ အဲ ဒီပူးပေါင်းစစ်ဆင်ရေးအကြောင်းကို လူမှုကွန်ရက်စာမျက်နှာ ပို့စ်တစ်ခုကနေတစ်ဆင့် အခုလို ကြေညာခဲ့ တာပါ။
အသေဖမ်းဆီးရမိခဲ့တဲ့ အဘူဘာကာအယ်လ်-မိုင်နူကီဆိုသူဟာ ကမ္ဘာတစ်ဝှမ်းလုံးက IS အဖွဲ့ရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
“သူက အာဖရိကမှာ ပုန်းနေလို့ရမယ်လို့ ထင်နေတာ၊ ဒါပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုမှန်သမျှကို ကျွန် တော်တို့ကို သတင်းပေးနေတဲ့ သတင်းမြစ်တွေရှိနေတယ်ဆိုတာ သူ လုံးဝမသိခဲ့ရှာဘူး” လို့ ဒေါ်နယ်ထရမ့် က ဆိုပါတယ်။
အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ အယ်လ်-မိုင်နူကီဟာ IS အဖွဲ့ရဲ့ စည်းရုံးရေးနဲ့ ဘဏ္ဍာရေးပိုင်းမှာ အဓိကကျတဲ့ အဓိကအခန်းကဏ္ဍက ရှိနေသူဖြစ်ပြီး အမေရိကန်နိုင်ငံနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်ဖို့အတွက်ပါ ကြံစည်နေသူဖြစ်တယ်လို့ သိရပါတယ်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူကလည်း ဒီစစ်ဆင်ရေးကို အတည်ပြုပေးခဲ့ပြီး လိတ်ချဒ်ဒေသ မှာရှိတဲ့ အယ်လ်-မိုင်နူကီရဲ့စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ သူနဲ့အတူ သူ့ရဲ့လက်ထောက် အတော် များများကိုပါ အသေချေမှုန်းနိုင်ခဲ့တာလို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်က နိုင်ဂျီးရီးယား ပဋိပက္ခတွေထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပစ်မှတ်ထားခံနေရ တယ်လို့ဆိုပြီး အမေရိကန်စစ်တပ်က ဝင်ရောက်စွက်ဖက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့တာပါ။
အခုစစ်ဆင်ရေးဟာ အဲဒီနောက်ပိုင်း နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ နောက်ဆုံး စစ်ဆင်ရေး လည်း ဖြစ်ပါတယ်။
ဒေသခံတွေနဲ့ လုံခြုံရေးကျွမ်းကျင်သူတွေကတော့ နိုင်ဂျီးရီးယားရဲ့ လုံခြုံရေးပြဿနာဟာ တောင် ပိုင်းမှာ အများစုရှိတဲ့ ခရစ်ယာန်တွေရော မြောက်ပိုင်းမှာ အများစုရှိတဲ့ မွတ်စလင်တွေကိုပါ နှစ်ဖက်စလုံး ခံစားနေရတာလို့ ထောက်ပြကြပါတယ်။
နိုင်ဂျီးရီးယားစစ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူအဆိုအရတော့ ဒီမစ်ရှင်ဟာ ဝေဟင်နဲ့ မြေပြင် ပူး ပေါင်းပြီး တိကျစွာ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး စနေနေ့အစောပိုင်း ၃ နာရီအတွင်းမှာ စစ်သည်တွေ ထိခိုက် ဒဏ်ရာရတာ၊ စစ်လက်နက်ပစ္စည်း ဆုံးရှုံးတာမျိုး လုံးဝမရှိဘဲ အောင်မြင်အောင် တိုက်ခိုက်နိုင်ခဲ့တာလို့ သိ ရပါတယ်။
ကိုးကား – Reuters
Ref; Trump says Islamic State group leader was killed in a joint US-Nigerian mission