ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မက္ကဆန်ဘူတာ(Makkasan) အနီးတွင် ယနေ့ မေ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းက ကုန်တင်ရထားတစ်စီးမှ အများပြည်သူသုံး ဘတ်စ်ကားတစ်စီးကို ဝင်တိုက်ခဲ့ရာ ရှစ် ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ Asok-Din Daeng လမ်းပေါ်ရှိ ရထားလမ်းကူး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားမှာ မီးပွိုင့်မိနေစဉ် ရထားလာချိန်တွင် ရထာရလမ်းပေါ်ရှိနေသည့်အတွက် တိုက်မိခဲ့ခြင်းဖြစ်ကာ ဘတ်စ်ကားမှာ မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အဆိုပါကုန်တင်ရထားသည် အရှိန်ပြင်းသည့်အပြင် ကွန်တိန်နာပုံးများလည်း တင်ဆောင်လာသည့်အတွက် အလေးချိန်များနေရာ အချိန်မီဘရိတ်အုပ်နိုင်ခြင်းမရှိဘဲ ကားကိုဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် အနီးနားရှိမော်တော်ယာဉ်များနှင့် ဆိုင်ကယ်အချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်တပ်ဖွဲ့က အရေးပေါ်လာရောက်ငြှိမ်းသတ်ခဲ့ကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးပြီး နှစ် ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။

အများပြည်သူစီးဘတ်စ်ကား(BMTA) ညွှန်ကြားရေးမှူး Kittikan Chomdoung က ယခုဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်းနှင့် ထိခိုက်ခဲ့သူများအား လျော်ကြေးငွေများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဥပဒေနှင့်အညီ ပေးဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကိုးကား – The Nation Thailand
Ref; Eight found dead after freight train hits Bangkok bus near