ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
တရုတ်နိုင်ငံသို့ ရုရှားသမ္မတ ဗလာတီမာပူတင်က နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာတွင် ယနေ့ ဖော်ပြထားသည်။
ကမ္ဘာ့အင်အားကြီးအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ခရီးစဉ်ပြီးနောက် ရုရှားသမ္မတ၏ ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှားသမ္မတ ဗလာတီမာ ပူတင်သည် တရုတ်နိုင်ငံသို့ မေ ၁၉ ရက်မှ ၂၀ ရက်အထိ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁၆ ရက်၌ ကြေညာသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံသို့ သုံးရက်ကြာခရီးစဉ်သွားရောက်ပြီး ကမ္ဘာ့အရေး၊ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်းက ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဘရာဇီးသမ္မတ လူဝစ် အီနာစီယို လူလာ ဒါ ဆီလ်ဗာတို့ သွားရောက်ခဲ့သည်။
ဓာတ်ပုံ – AP၊ ဆင်ဟွာ