ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စိတ်ရှည်သည်းခံမှုမှာ ကုန်ဆုံးလုနီးပါးဖြစ်နေ ပြီလို့ သောကြာနေ့တွင် ပြောကြားခဲ့ပြီး အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရမယ် ဆိုတဲ့အချက်အပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
ရှီကျင့်ဖျင်နဲ့ နှစ်ရက်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သောကြာနေ့မှာ ပေကျင်းမြို့မှ လေ ကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာစဉ် အီရန်ရေနံကို ဝယ်ယူနေတဲ့ တရုတ်ရေနံကုမ္ပဏီတွေအပေါ် ချ မှတ်ထားတဲ့ အမေရိကန်ရဲ့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ စဉ်းစားနေတယ်လို့ ၎င်းက ဆိုပါတယ်။
အီရန်နဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးကို အသုံးပြုပြီး ဘယ်တုန်းကမှ မစတင်ခဲ့သင့်ဘူးလို့ တ ရုတ်ကိုယ်တိုင် ပြောဆိုထားတဲ့ အဆိုပါပဋိပက္ခကို အဆုံးသတ်ဖို့ ပေကျင်းက ကြိုးပမ်းပေးမယ် သို့မဟုတ် မကြိုးပမ်းပေးမယ် ဆိုတာကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“ကျွန်တော်က ဘာမျက်နှာသာပေးမှုကိုမှ တောင်းဆိုမနေပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်မှာ မျက်နှာသာပေးတာကို မျှော်လင့်ရင် ကိုယ့်ဘက်ကလည်း ပြန်ပြီးမျက်နှာသာပေးရတာမျိုး ရှိတတ်လို့ပါ” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အီရန်စစ်ပွဲအပေါ် ပေကျင်းရဲ့ စိတ်ပျက်မုန်းတီးမှုတွေကို ထင်ဟပ်စေတဲ့ ပြတ်သားသော ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
“ဘယ်တုန်းကမှ မဖြစ်ပွားခဲ့သင့်တဲ့ ဒီပဋိပက္ခဟာ ဆက်ပြီးဖြစ်ပွားနေဖို့ ဘာအကြောင်းပြချက်မှ မရှိပါဘူး” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
“အီရန်မှာ နျူကလီးယားလက်နက်ရှိတာကို ကျွန်တော်တို့ မလိုလားသလို ဟော်မုဇ်ရေလက် ကြားကိုလည်း ပြန်ဖွင့်စေချင်ပါတယ်” လို့ ပေကျင်းမြို့မှာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ် ဒေါ်နယ်ထရမ့် က ပြောပါတယ်။
အမေရိကန်အစိုးရက ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်းပြသတဲ့ သတင်း စကားတွေကို တီဟီရန်က လက်ခံရရှိထားတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ခ်ချီက ပြောကြားခဲ့ပါတယ်။
“ဆွေးနွေးညှိနှိုင်းမှုတွေ တိုးတက်လာတာနဲ့အမျှ ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ လုံခြုံမှုရှိ အောင် လုပ်ဆောင်နိုင်ပြီး အဲဒီရေလက်ကြားကို ဖြတ်သန်းသွားလာမှုတွေ ပုံမှန်အခြေအနေရောက်ဖို့ အ မြန်ဆုံး ဆောင်ရွက်နိုင်မယ့် ကောင်းမွန်တဲ့ ရလဒ်တစ်ခုဆီ ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ နယူးဒေလီမြို့တွင် ၎င်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Trump says he is losing patience with Iran, did not ask China for favors