ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

ထိုင်ဝမ်အနေနဲ့ တရားဝင်လွတ်လပ်ရေး ကြေညာခြင်းမပြုဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်ခရီးစဉ်အပြီး သောကြာနေ့မှာ သတိပေးခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ကျွန်းအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ဆန့်ကျင်ဖို့ သူ့ကို ဖိအားပေးခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား မကြာခဏဆိုသလို မတည်မငြိမ်ဖြစ်လေ့ရှိ တဲ့ ဆက်ဆံရေးကို နှစ်ဖက်စလုံးက တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ကြိုးပမ်းမှုလက္ခဏာအဖြစ် ရှီကျင့်ဖျင် အား လာမယ့် စက်တင်ဘာလမှာ ဝါရှင်တန်ဒီစီသို့ လာရောက်လည်ပတ်ဖို့ ဒေါ်နယ်ထရမ့်က ဖိတ်ကြားခဲ့ ပါတယ်။

ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ ထိုင်ဝမ် လွတ်လပ်ရေး ကြေညာမှုကို ဆန့်ကျင်ကြောင်း ရှင်းလင်း စွာ ပြောကြားခဲ့ပြီး အကယ်၍ ထိုင်ဝမ် တိုက်ခိုက်ခံရပါက အမေရိကန်အနေနဲ့ အဘယ်ကြောင့် ထိုကျွန်းကို ကာကွယ်ပေးရမလဲလို့ ပြောပါတယ်။

“ဘယ်သူကမှ လွတ်လပ်ရေး ကြေညာတာမျိုးကို ကျွန်တော် မလိုလားပါဘူး။ စစ်ပွဲတစ်ခု ဆင်နွှဲဖို့ အတွက် ကျွန်တော်တို့ မိုင်ပေါင်း ၉,၅၀၀ အဝေးကြီးအထိ သွားရမှာလေ။ အဲဒီလိုမျိုး ဖြစ်လာဖို့ ကျွန်တော် မမျှော်လင့်ပါဘူး” ဟု Fox News မှ အစီအစဉ်တင်ဆက်သူ ဘရတ်ဘေယာနဲ့ အင်တာဗျူးမှာ ၎င်းက ဆိုပါ တယ်။

“ကျွန်တော်တို့ စစ်ပွဲတွေဖြစ်ဖို့ မရည်ရွယ်ပါဘူး။ လက်ရှိ အခြေအနေအတိုင်းပဲ ဆက်သွားမယ်ဆို ရင် တရုတ်နိုင်ငံဘက်ကလည်း ဒါကို လက်ခံလိမ့်မယ်လို့ ထင်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဆက်ပြောပါ တယ်။

အမေရိကန်နိုင်ငံက တရုတ်အစိုးရကိုသာ တရားဝင်အသိအမှတ်ပြုပြီး ထိုင်ဝမ်ရဲ့ တရားဝင် လွတ် လပ်ရေး ကြေညာမှုကို ထောက်ခံခြင်းမရှိပေမဲ့ သမိုင်းကြောင်းအရ ထိုင်ဝမ်လွတ်လပ်ရေးကို အတိအလင်း ဆန့်ကျင်ကြောင်း ပြောဆိုတာကိုလည်း ရှောင်ကြဉ်ခဲ့ပါတယ်။

အမေရိကန်ဥပဒေအရ ထိုင်ဝမ် ကာကွယ်ရေးအတွက် လက်နက်တွေ ထောက်ပံ့ပေးဖို့ အမေရိ ကန်မှာ တာဝန်ရှိပေမဲ့ ထိုင်ဝမ်တိုက်ခိုက်ခံရပါက အမေရိကန်စစ်တပ်က တိုက်ရိုက်ဝင်ရောက် ကူညီခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကိုမူ ရှင်းလင်းစွာ မသိရပေ။

ကိုးကား – AFP
Ref; Trump warns Taiwan against declaring independence from China after meeting Xi