ဧရာဝတီတိုင်းမ်
‎မေ ၁၅ ရက်


၂၀၂၅ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတား (အပြန်လမ်း) အသစ်တည်ဆောက်ပြီးစီးသွားသဖြင့် ယမန်နေ့ မေ ၁၄ ရက်မှ စတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရသည်။

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ အရှည်ပေ ၉၀၀ ရှိသော ဆွာချောင်းတံတား (အပြန်လမ်း) ကို ရွေးတုအစိုးရလက်အောက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အသွားတံတားဘက်ခြမ်းကို ဆက်လက်တည်ဆောက်နေဆဲဖြစ်သဖြင့် အသစ်ပြီးစီးသည့် အပြန်တံတားပေါ်မှပင် အသွား/အပြန် နှစ်လမ်းစလုံးကို အသုံးပြု၍ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ယမန်နှစ် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် အခြေခံအဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရသလို လူဦးရေ ၃,၈၀၀ ကျော် သေဆုံးခဲ့ရသည့် အတွက် ယခုအချိန်ထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရဆဲ ဖြစ်သည်။

 

စစ်ကိုင်းငလျင်ဒဏ်ကြောင့် ဆွာချောင်းတံတား (အသွား/အပြန်) နှစ်စင်းစလုံး ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် အသွားတံတားအသစ်ကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရွေးတု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – MOI , ဧရာဝတီတိုင်းမ်