ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်

တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေး နွေးစဉ် ထိုင်ဝမ်အရေးကို စနစ်တကျ မကိုင်တွယ်နိုင်ပါက နှစ်နိုင်ငံဆက်ဆံရေးမှာ အလွန်အန္တရာယ်များတဲ့ အခြေအနေ ရောက်ရှိသွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက် ၂၀၂၆ ခုနှစ်ဟာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထူးခြားတဲ့နှစ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောပါတယ်။

ရှီကျင့်ဖျင်က ထိုင်ဝမ်အရေးဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးအကြီးဆုံးကိစ္စရပ် ဖြစ်ပြီး ယင်းကိစ္စကို မှားယွင်းစွာ ကိုင်တွယ်မိပါက နှစ်နိုင်ငံကြား ပဋိပက္ခဆီသို့ ဦးတည်သွားစေနိုင် ကြောင်း ပြည်သူ့ခမ်းမဆောင်ကြီးမှာ တွေ့ဆုံပွဲမှာ ဒေါ်နယ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။

၎င်းတို့နှစ်ဦး ဘေဂျင်းမြို့မှာ တွေ့ဆုံခြင်းဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရရှိစေတယ်လို့ ရှီ ကျင့်ဖျင်က အဖွင့်စကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံအနေနဲ့ ခေတ်ကာလ မေးခွန်းတွေကို အ တူတကွ ပူးပေါင်းဖြေဆိုကြရမယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ညပိုင်းက ဘေဂျင်းမြို့သို့ ရောက်ရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်နဲ့အတူ ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် မီ ဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ ကြာသပတေးနေ့နဲ့ သောကြာနေ့တို့မှာ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြု လုပ်သွားရန် စီစဉ်ထားပြီး အဆိုပါဆွေးနွေးပွဲတွေမှာ ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးနဲ့ အခွန်တိုးမြှင့်မှုများ၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ မြေရှားသတ္တုကိစ္စအပြင် အီရန်နဲ့ အနောက်အာရှမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ များကိုပါ ဆွေးနွေးသွားကြမှာပါ။

အနောက်အာရှရဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ မရေရာ မှုများ၊ အာရှစီးပွားရေးကို အဓိကရိုက်ခတ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အခက်အခဲတွေကြားမှာ ယခု ထိပ်သီးအစည်းအဝေးကို ကျင်းပတာဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; Xi Jinping warns Donald Trump on Taiwan, calls 2026 ‘historic, landmark year’ for China-US ties