‎ဧရာဝတီတိုင်းမ်
‎မေ ၁၅ ရက်

‎ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေကြောင်း ‌ရွေးတုအစိုးရလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

‎ယနေ့ညနေအထိခန့်မှန်းချက်တွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းပါဝင်သည်။

‎လာမည့်နှစ်ရက်အတွင်း ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးပိုမည်ဖြစ်သည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းရွေ့လျားရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

‎မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ခြောက်ပေမှ ရှစ်ပေခန့်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

‎ဓာတ်ပုံ – မိုး/ဇလ