(တရုတ်က အမေရိကန်ထုတ် ဘိုအင်းဂျက်လေယာဉ် အစင်း ၂၀၀ ဝယ်မယ်လို့ ဆို)

ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကြာသပတေးနေ့က ပေ ကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါ်နယ်ထရမ့်က ယင်းတွေ့ဆုံမှုကို အလွန်ကောင်းမွန်တဲ့ ဆွေးနွေးပွဲ လို့ ဖော်ပြခဲ့ပြီး အီရန်ပဋိပက္ခမှာ ကူညီဖို့ ရှီကျင့်ဖျင်က ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲအပြီး ဒေါ်နယ်ထရမ့်က Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ တရုတ်အစိုး ရအနေနဲ့ အီရန်နိုင်ငံသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးမည်မဟုတ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့ တယ်လို့ ဆိုပါတယ်။

ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားဖို့ ရှီကျင့်ဖျင်က လိုလားနေပြီး တရုတ်နိုင်ငံအ နေနဲ့ အမေရိကန်လေကြောင်းကုမ္ပဏီ Boeing မှ ဂျက်လေယာဉ်အစီးရေ ၂၀၀ ကို မှာယူမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ရှီကျင့်ဖျင်က နိုင်ငံတော်အဆင့် တည်ခင်းဧည့်ခံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် မူဘောင်အ သစ်တစ်ခုကို အလေးပေးပြောခဲ့ပြီး နှစ်ဖက်စလုံးအနေနဲ့ အပြုသဘောဆောင်ပြီး မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိတဲ့ မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ဖို့ သဘောတူခဲ့ပါတယ်။

“တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ကမ္ဘာမှာ အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးဖြစ်တယ် လို့ ကျွန်တော်တို့နှစ်ဦးစလုံး ယုံကြည်ပါတယ်။ ဒီဆက်ဆံရေးကို အဆင်ပြေအောင် လုပ်ဆောင်ရမှာဖြစ်ပြီး ဘယ်တော့မှ အမှားအယွင်း အပျက်အစီး မခံနိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ဟာ ဒီကနေ့ တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ အလွန်ကောင်းမွန်ပြီး အကျိုးရှိတဲ့ ဆွေး နွေးပွဲတွေ၊ တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ခဲ့ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ထိပ်သီးအစည်းအဝေးရဲ့ ဘေးထွက်ဆွေးနွေးပွဲအဖြစ် အမေရိကန် စီးပွားရေးခေါင်းဆောင် ၁၈ ဦး ပါဝင်သော အဖွဲ့ဟာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယင်းအဖွဲ့မှာ Tesla မှ Elon Musk၊ Apple မှ Tim Cook နဲ့ Nvidia မှ Jensen Huang တို့လည်း ပါဝင်ခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးအနေနဲ့ မိမိတို့ပြည်သူတွေနဲ့ ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်း ပေးဖို့ ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ်လီက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ယနေ့ ဘေဂျင်းမြို့မှ မထွက်ခွာမီ ရှီကျင့်ဖျင်နဲ့ ထပ်မံပြီး တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Trump says China’s Xi offers help on Iran