ဧရာဝတီတိုင်းမ်
ရန်ကုန်၊ မေ ၁၄ ရက်
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ၃၅ လမ်းနှင့် ၃၆ လမ်းအတွင်းရှိ ကားပါကင်နေရာများကို စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဈေးဆိုင်ခန်းနေများအဖြစ် ငှားရန်းနေကြောင်း ဒေသခံများထံက သိရသည်။
ကားပါကင်နေရာများတွင် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးသည်များနှင့် ဈေးဆိုင်ခန်းများအား တရားမဝင် လစဉ်ကြေးဖြင့် ငှားရမ်းကာ ကိုယ်ကျိုးရှာမှုများ ပြုလုပ်နေကြောင်း ဒေသခံကပြောသည်။

”၃၅ လမ်း (အလယ်လမ်း) က အဆိုးဆုံးပဲ။ ဆိုင်ရှေ့တွေမှာလည်း ကားရပ်လို့မရဘူး၊ လွတ်တဲ့နေရာကျပြန်တော့လည်း ဆိုင်ခင်းတာနဲ့ ဆိုင်းဘုတ်ချထားတာနဲ့တင် နေရာမရှိတော့ဘူး။ ဒါကို အုပ်ကြီးမက ပြည်သူကို မငဲ့ကွက်ဘဲ လစဉ်ကြေးရဖို့ပဲ ကြည့်နေတယ်” ဟု လမ်းအတွင်း နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဌေးဖြစ်ပြီး လမ်းဘေးဈေးသည်များနှင့် ဆိုင်ခန်းများထံမှ လစဉ်ငွေတောင်းယူပြီး နေရာချထားပေးခြင်းကြောင့် လမ်းအတွင်း နေထိုင်သူများမှာ ကားရပ်နားရန် နေရာအခက်အခဲနှင့် နေ့စဉ်ကြုံတွေ့နေရကြောင်း ပြောဆိုသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ ပြည်သူများထံမှလည်း စစ်မှုထမ်းရန်ပုံငွေ အကြောင်းပြချက်ဖြင့် လစဉ်ငွေကြေးများ ကောက်ခံမှုများ ရှိနေကြောင်း ဒေဒသခံများကပြောသည်။
အဆိုပါ ကားပါကင်နေရာများကို အကျိုးစီးပွားအတွက် ဈေးဆိုင်းခန်းများ နေရာချပေးမှုအပေါ် ရွေးတုလက်အောက်ခံ ရန်ကုန်စည်ပင်သာယာရေးကော်မတီ (YCDC) ထံ စာပို့တိုင်ကြားထားသော်လည်း ယနေ့ချိန်ထိ အရေးယူမှုမရှိကြောင်း ရပ်ကွက်ရှိ ဒေသခံများကပြောသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ကားပါကင်နေရာများတွင် တွေ့ရှိရသည့် ဈေးဆိုင်ခန်းများ