ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း လူမိုက်များမှာ လူခေါ်ပွဲစားအဖြစ်လုပ်ကိုင်ကာ ခြိမ်းခြောက်ငွေတောင်းယူမှုများ ပြုလုပ်နေသည့် လူမိုက် နှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၉ ရက်နေ့တွင် လူခေါ်ပွဲစားအဖြစ်လုပ်ကိုင်နေသည့် လူမိုက် နှစ်ဦးကို အောင်မင်္ဂလာအဝေးပြေးကားကွင်းတည်ရှိရာ ချစ်တီးကုန်းရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး ရရဲက သူတို့ခေါင်းပေါ်ကို ကျလာတော့မယ့်အခြေအနေပြလို့ အခုလိုအဖမ်းပြလိုက်တာ။ လုပ်စားနေတဲ့လူတွေ အများကြီးကျန်သေးတယ်”ဟု အဝေးပြေးကားကွင်းမှ တက္ကစီယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂၀၂၁ ခုနှစ်မှစတင်ကာ အဆိုပါ လူခေါ်ပွဲစားများသည် အငှားယာဉ်မောင်းများ၊ ဆိုင်ကယ်ကယ်ရီများထံမှ လစဉ်ကြေးများကောက်ခံပြီး ခရီးသည်များကိုလည်း ခြိမ်းခြောက် ကားငှားရမ်းရန် ဖိအားပေးခြိမ်းခြောက်သူများဖြစ်သည်။
အောင်မင်္ဂလာအဝေးပြးကားကွင်းအတွင်း နေရာအပိုင်းလိုက်ခွဲကာ အပိုင်စားယူပြီး လူမိုက်များက ငွေကြေးခွဲတမ်းကျ ကောက်ခံကာ မိုက်ကြေးခွဲ ငွေကြေးခေါင်းပုံဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဝေးပြေးကွင်းရှိ ကားသမားများထံမှ သိရသည်။
အဆိုပါ လူမိုက်များသည် စစ်တပ်နှင့် တရားဝင်ပူးပေါင်းကာ ယင်းလုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ကားဝင်းအတွင်း ကိုယ်ပိုင်ကားနှင့် တက္ကစီများရပ်တန့်ပါက ငွေကျပ် သုံးသောင်းတောင်းယူသည့် ဖြစ်စဉ်တွင် စစ်တပ်နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အောင်မင်္ဂလာအဝေးပြေးကားကွင်း(ပုံဟောင်း)