‎ဧရာဝတီတိုင်းမ်
‎မေ ၁၄ ရက်

 

တရုတ်သမ္မတ ရှီကျင့်ဖျင်‎နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ယနေ့ တွေ့ဆုံရာတွင် အပြုသဘောဆောင်သောစကားများအပြန်အလှန်ပြောကြားကြောင်း Khaosod English တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင်ပြုလုပ်သော သမ္မတနှစ်ဦး တွေ့ဆုံပွဲ၌ အပြုသဘောဆောင်သော စကားများကို အပြန်အလှန်ပြောကြားရာ သမ္မတထရမ့်က ရှီကျင့်ဖျင်အား “ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်တစ်ဦး” ဟု ခေါ်ဆိုခဲ့ပြီး “ခင်ဗျားရဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်” ဟု ပြောကြားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်ကမူ အင်အားကြီးနိုင်ငံသစ်နှင့် ရှိရင်းစွဲအင်အားကြီးနိုင်ငံတို့ ထိပ်တိုက်တွေ့ဆုံသည့် “Thucydides Trap” ထောင်ချောက်အခြေအနေကို သတိပေးလိုက်ကြောင်းသိရသည်။

ထို့ပြင် အီရန်အရေး၊ ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးနှင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေသော်လည်း နိုင်ငံနှစ်ခုလုံးအနေဖြင့် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားရန် တိုက်တွန်းပြောကြားကြောင်း Khaosod English တွင် ဖော်ပြထားသည်။

‎ကိုးကား – Khaosod English