ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

အီရန်စစ်ပွဲဖြစ်ပွားနေတဲ့ ကာလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို လက်ခံတွေ့ဆုံကာ အရေးပါတဲ့ တရုတ်-အမေရိကန် ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ ပဋိပက္ခတွေအပြင် နည်းပညာ၊ ကုန်သွယ်ရေးနဲ့ အခွန်ကိစ္စရပ်တွေကို အဓိကထားဆွေး နွေးဖို့ရှိနေပြီး ဒေါ်နယ်ထရမ့် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်မှာ ပြည်သူ့ခမ်းမဆောင်ကြီးသို့ ရောက် ရှိမှာဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကိစ္စနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျင်မီလိုင်အရေးကို ထည့်သွင်းဆွေးနွေးမယ်လို့ ဒေါ်နယ်ထရမ့်က ကြိုတင်ပြောထားပါ တယ်။

တရုတ်အစိုးရကမူ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ တရုတ်-အမေရိကန် ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်ဈေးကွက်အား အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် တံခါးဖွင့်ပေးဖို့ သမ္မတရှီကျင့် ဖျင်ထံသို့ ပထမဆုံးသော တောင်းဆိုချက်အဖြစ် တင်ပြသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်တို့ အပြင် Nvidia မှ ဂျင်ဆင်ဟောင်နှင့် Tesla မှ အီလွန်မတ်စ်တို့ အပါအဝင် အမှုဆောင်အရာရှိချုပ် (CEO) အများအပြား လိုက်ပါလာကြောင်း သိရပါတယ်။

ယခုခရီးစဉ်ဟာ ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်က ဘေဂျင်းသို့ သွား ရောက်ခဲ့ပြီးနောက်ပိုင်း ၇ နှစ်ကျော်အတွင်း အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် တရုတ် နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ ၎င်း၏သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိပါ ဘူး။

အဆိုပါ ထိပ်သီးအစည်းအဝေးဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်နိုင် ငံအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားနေစဉ် ကျင်းပခြင်း ဖြစ်ပါတယ်။

ယင်းတိုက်ခိုက်မှုများကြောင့် အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသရှိ အမေရိကန်မဟာမိတ်တွေအပေါ် တုံ့ပြန်တိုက်ခိုက်မှုများ ရှိခဲ့တဲ့အပြင် ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ပစ်ခဲ့ရပါတယ်။

ကိုးကား – TRT World
Ref; Xi Jinping hosts Donald Trump for high-stakes Beijing summit amid Iran war