ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီအပတ်နှောင်းပိုင်းမှာ ပြုလုပ်မယ့် တရုတ်သမ္မတ ရှီကျင့် ဖျင်နဲ့ တွေ့ဆုံပွဲမှာ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချနေတဲ့ ကိစ္စကို ထည့်သွင်းဆွေးနွေးမယ် လို့ ပြောပါတယ်။

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပဋိပက္ခဖြစ်ပွားဖို့ဆိုတာ နီးစပ်တဲ့ အနာဂတ်ကာလ မှာ မဖြစ်နိုင်သလောက်ပဲလို့ ယုံကြည်ထားကြောင်း ၎င်းက ဆိုပါတယ်။

“လက်နက်ရောင်းချတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရှီနဲ့ ကျွန်တော် ဆွေးနွေးသွားမှာပါ” လို့ ဒေါ် နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“သမ္မတရှီက ကျွန်တော်တို့ကို အဲဒီလို မလုပ်စေချင်ဘူးလေ၊ ဒါကြောင့် ကျွန်တော် ဒါကို ဆွေးနွေး သွားမှာပါ။ ဒါဟာ ကျွန်တော်တို့ ပြောကြမယ့် အကြောင်းအရာတွေအများကြီးထဲက တစ်ခုပါပဲ” လို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲတွေ မတိုင်ခင် ဗုဒ္ဓဟူးနေ့မှာ ပေကျင်းကို ရောက်ရှိရှိနေပြီး ဒါဟာ ကိုးနှစ်အတွင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွား ရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအရ ကူညီပံ့ပိုးပေးနေတဲ့ကိစ္စဟာ ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ပေကျင်းအစိုးရအတွက် တင်းမာမှုတွေဖြစ်စေ တဲ့ ရင်းမြစ်တစ်ခုဖြစ်နေသလို ပဋိပက္ခတွေ ပေါက်ကွဲထွက်လာနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။

ထိုင်ဝမ်ကျွန်းက တရုတ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေကို လက်မခံဘဲ ပယ်ချထားပြီး သူတို့ရဲ့ အနာဂတ်ကို သူတို့ပြည်သူတွေကပဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိရမယ်လို့ အခိုင်အမာ ပြောဆိုထား ပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နောက်ခံလူဖြစ်သလို တရုတ်က တိုက်ခိုက်လာနိုင်တာ တွေကို ပြန်လည်ခုခံဖို့အတွက် လိုအပ်တဲ့ လက်နက်တွေကိုလည်း ထိုင်ဝမ်ကို ထောက်ပံ့ပေးထားတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဒေါ်နယ်ထရမ့်က သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ လက်နက်တွေကို ထိုင်ဝမ်ထံ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါ သေးတယ်။

အဲဒီဒီဇင်ဘာလမှာ တရုတ်က ထိုင်ဝမ်ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ ပုံစံမျိုးနဲ့ စစ်ရေးလေ့ ကျင့်မှုတွေကို ဆက်တိုက်ဆိုသလို ရန်စပြီး လုပ်ဆောင်ခဲ့ပြီး ဒါဟာ ထိုင်ဝမ်ကို ကူညီပေးနေတဲ့ ပြင်ပအင် အားစုတွေကို သတိပေးလိုက်တာလို့လည်း လူအများက ရှုမြင်နေကြပါတယ်။

ကိုးကား – Aljazeera
Ref; Trump says he will discuss arms sales to Taiwan in meeting with China’s Xi