ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုက အသိအမှတ်ပြုထားကြတယ်လို့ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခု မှာ ပြောပါတယ်။
“အာဆီယံအဖွဲ့ဝင်နိုင်ငံ အနည်းငယ်က မြန်မာအစိုးရအပေါ် ကန့်သတ်ချက်တွေ၊ ခွဲခြားဆက်ဆံ တာတွေနဲ့ တန်းတူကိုယ်စားပြုခွင့် မပေးဘဲ ဖယ်ကြဉ်ထားတာမျိုးတွေကို ဆက်ပြီး လုပ်နေကြတာ တွေ့ ရတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာ့ပြည်တွင်းစစ် အဆုံးသတ်ဖို့ ချမှတ်ထားတဲ့ အာဆီယံ ငြိမ်းချမ်းရေးစီမံချက်က တိုးတက်မှုမ ရှိတဲ့အပေါ် အဖွဲ့ဝင်နိုင်ငံတွေကြား စိတ်ပျက်မှုတွေ တိုးလာပြီး အာဆီယံရဲ့ စည်းလုံးညီညွတ်မှုဟာ တ ဖြည်းဖြည်းနဲ့ ပျက်ပြားလာနေပြီလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

အိမ်နီးချင်း ထိုင်းလို တချို့နိုင်ငံတွေက အာဏာသိမ်းခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ မင်း အောင်လှိုင် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂုဏ်ပြုစကားပြောခဲ့ကြပြီး နယ်စပ်တည်ငြိမ်ရေးအတွက် ပူးပေါင်း လုပ်ဆောင်သွားဖို့ ကတိပေးခဲ့ကြပါတယ်။
အာဆီယံနိုင်ငံအချို့က ဒီရွေးကောက်ပွဲဟာ အတိုက်အခံတွေ မပါဝင်နိုင်အောင် နှိပ်ကွပ်ထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေက မဲဆန္ဒရှင်တွေ မပါနိုင်တာကြောင့် ဒီမိုကရေစီစံ နှုန်းနဲ့ မညီဘူးလို့ ဝေဖန်နေကြပြီး မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်လာမှုအပေါ် အသိအမှတ်မပြုဘဲ ခပ်စိမ်း စိမ်းပဲ ဆက်ပြီး နေကြပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ကိုယ့်နိုင်ငံသားအချင်းချင်းအပေါ် ရက် စက်ကြမ်းကြုတ်တာတွေ ရှိနေတုန်းပဲလို့ အကြောင်းပြပြီး မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးဝိုင်းမှာ နေရာပြန်ပေးဖို့ အဆင်သင့်မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။
အဲဒီအမြင်ကို အင်ဒိုနီးရှားနဲ့ လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် စင်ကာပူ နိုင်ငံတို့က ထောက်ခံကြလိမ့်မယ်လို့ အများက ယူဆနေကြပါတယ်။
“မြန်မာအစိုးရသစ်နဲ့ အပြုသဘောမဆောင်ဘဲ ထိတွေ့ဆက်ဆံတာမျိုးဟာ ဒီမိုကရေစီအခွင့်အ ရေးကို ကျင့်သုံးခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်ပါတယ်” လို့ စစ် အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ ရပ်တည်ချက်တွေကြောင့် မမျှတတဲ့ ဆက် ဆံမှုတွေကို ကြုံခဲ့ရပေမဲ့ မြန်မာနိုင်ငံက သည်းခံခဲ့ပါတယ်လို့ မြန်မာစစ်အုပ်စုက ဆက်ပြောပါတယ်။
တချို့နိုင်ငံတွေဟာ ဝေဖန်တာတွေ၊ ဖိအားပေးတာတွေလုပ်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင် ရောက်စွက်ဖက်နေတယ်လို့လည်း မြန်မာစစ်အုပ်စုက စွပ်စွဲထားပါတယ်။
ကိုးကား – AFP
Ref; Myanmar complains over pariah treatment in ASEAN bloc