မအူပင်မြို့နယ်ရှိ New Talent အထည်ချုပ်စက်ရုံတွင် အလုပ်သမားများအခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်နေ

ညိမ်းသော် / ဧရာဝတီတိုင်းမ်

(မအူပင်)၊ စက်တင်ဘာ ၁၂ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ မအူပင် – ကျိုက်လတ် – ဖျာပုံ အမြန်လမ်းမပေါ်ရှိ ညောင်ဝိုင်းစက်မှုဇုန်အတွင်းတွင်ရှိသော တရုတ်နိုင်ငံသားပိုင် New Talent. အထည်ချုပ်စက်ရုံတွင် အထည်ချုပ်အလုပ်သမားဝန်ထမ်းများ၏ အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

” အခုကဘယ်လိုလဲဆိုတော့ ပုံမှန်အချိန်တွေထပ်အချိန်ပိုဆင်းနေရတယ်။ တနဂ်နွေပိတ်ရက်လည်းမနားရဘူး။ အချိန်ပိုလုပ်ရတယ်။ နေ့စားဆိုပြီးတော့ခေါ်ပြီးလုပ်ရတယ်။ တနဂ်နွေဆိုတော့ အကြိုအပို့ကားတွေကိုမစီစဥ်ပေးဘူး။ တချို့မိန်းခလေးတွေတို အဝေးကြီးပဲလမ်းလျှေက်ပြန်နေရတယ်။ လမ်းမှာတစ်ခုခုဖြစ်သွားမှာလည်းကြောက်နေကြတယ်။

တနဂ်နွေမဆင်းရင်လည်းဘာဖြစ်တယ် ညာဖြစ်တယ် ပြောသေးတယ်” ဟု အထည်ချုပ်အလုပ်သမားများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင် မြို့နယ်ရှိ အဆိုပါ အထည်ချုပ်စက်ရုံသည် ယခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခင်လများကလည်း စက်ရုံရှိအထည်ချုပ်အလုပ်သမားများ၏ အခွင့်အရေးကိုချိုးဖောက်ခံရကြောင်း သိရသည်။

” ​မကြာသေးဘူး။ အခုတစ်ခါလိုဖြစ်ပြီးပြီ အဲ့တုန်းက ဆဲတယ်။ ပြီးတော့လစာကိုလည်း တစ်လတစ်ခါမပေးဘူး။ ခုတော့ သူတို့တွေကမတရားလုပ်တယ် တနဂ်နွေဆို ပုသိမ်ကအထည်ချုပ်စက်ရုံလည်းပိတ်တယ်။ ဒီမှာကမပိတ်ပေးတာ ၁ လကျော်ပြီ အချိန်ပိုဆင်းခိုင်းနေတာ။ ကြိုပို့ကားလည်းမစီစဥ်ပေးဘူး ညီမတို့ကအိမ်နီးတော့ပြဿနာမရှိဘူးလေ

ကျန်တဲ့သူဆတွေက ဝေးတယ် ညဘက်တွေမလုံခြုံဘူး ဒီကြားထဲ စကစလိုလိုဘာလိုလိုတွေကစစ်လားဆေးလားနဲ့ ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ စက်ရုံများတွင် အလုပ်သမားများ၏ အခွင့်အရေးများများစွာ ချိုးဖောတ်ခံရပြီး လစာပုံမှန်ပေးရန်၊ကြိုပို့ကားစီစဥ်ပေးရန်နှင့် အချိန်ပိုဆင်းပါက အချိန်ပိုလုပ်အားခပေးရန်စသော အထည်ချုပ်စက်ရုံမန်နေဂျာကို စာဖြင့်တိုင်ကြားသူများ အလုပ်ထုတ်ပစ်ကြောင်း ဒေသခံစက်ရုံအလုပ်သမားများထံမှ သိရသည်။

#မအူပင် #NewTalent #အလုပ်သမားအခွင့်အရေး #ဆုံးရှုံး

#Ayeyarwaddy_Times