စက်တင်ဘာလ ၁၂ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– မိုးဗြဲတိုက်ပွဲအတွင်း လူနေအိမ် ၁၀၀ ထက်မနည်းပျက်စီး၊ ဒေသခံ ၅ ထောင်ကျော် စစ်ဘေးရှောင်နေရ

– ဧရာဝတီတိုင်းတွင် ၆ လ အတွင်း ရိုဟင်ဂျာ ၅၀၀ နီးပါး ဖမ်းဆီးခံရပြီး ၁၀၀ ကျော်မှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရ

– မင်းကင်းမြို့ မြန်မာစီးပွားရေးဘဏ်၌ ဗုံးပေါက်

– ရေဖြူဘက်ကလာတဲ့ ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့ DGRF မိုင်းဆွဲတိုက်ခိုက်

– မိုးဗြဲမြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲကာလ ကြာလာတာနဲ့ အတူ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိလာတယ်လို့ မိုးဗြဲ PDF ပြော

– ဖားဝပ်ချောင်းရွာအနီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ ရခိုင်စစ်ရှောင် ၈ သောင်းကျော် အရေးပေါ် အကူအညီ လိုအပ်

– မုံရွာမြို့နယ်တွင် ရဲ ၂ ဦး ပစ်သတ်ခံရ၊ လက်နက်များ ယူသွား

– ရွှေပြည်သာ၊ မြောက်ဥက္ကလာနှင့် သုံးခွ မြို့နယ်တို့၌ ဗုံးပေါက်

– စစ်ကောင်စီ တပ် ခမရ ၃၅၂ တပ်ရင်းက သိမ်းဆည်းရမိတဲ့ ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေကို အေအေ ထုတ်ပြန်

– အမ်းမြို့နယ်တွင် ရဲအရာရှိ ၁ ဦးကို စရဖက ဖမ်းဆီးစစ်ဆေးနေ