တာလီဘန်တွေတက်မောင်းတဲ့ ရဟတ်ယာဉ် လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျလို့ လေယာဉ်မှူးတွေ သေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၂ ရက်

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့တွေ ရုတ်သိမ်းသွားပြီးတဲ့နောက် တာလီဘန်တွေထက်ထဲ ရောက်ရှိသွားတဲ့ ဘလက်ဟော့ခ်ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေချိန် ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးပြီး အမှုထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့မြို့တော် ကဘူးလ်မြို့က ကာကွယ်ရေးတက္ကသိုလ်ဝင်းအတွင်း ပြီးခဲ့တဲ့စနေနေ့က ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာပါ။

လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းတစ်ခုကြောင့် ဘလက်ဟော့ခ်ရ ဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်းငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန် ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာချိန်မှာ ဒေါ်လာဘီလီယံချီတန်ကြေးရှိတဲ့ တိုက် လေယာဉ်တွေ၊ ယာဉ်တွေ၊ စစ်လက်နက်တွေနဲ့ သံချပ်ကာယာဉ်တွေ ထားရှိခဲ့ပြီး အများစုက တာလီဘန်တွေလက် ထဲ ရောက်ရှိသွားခဲ့ပါတယ်။

တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံကို အပြည့်အဝ မထိန်းချုပ်နိုင်မီ ရဟတ်ယာဉ်အချို့ကို အာဖဂန် အစိုးရအဖွဲ့ဝင်အချို့က ဗဟိုအာရှတိုင်းပြည်တွေကို မောင်းနှင်ခဲ့ကြပါတယ်။

ယခင်အစိုးရလက်ထက်က လေယာဉ်မှူးတွေ မောင်းနှင်နေတယ်လို့ ယူဆရတဲ့ လေယာဉ်အချို့ကို တာ လီဘန်တွေက ပြုပြင်ခဲ့ပါတယ်။

အာဏာပြန်လည်ရရှိတဲ့ တစ်နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ရာ သြဂုတ်လ ၃၁ ရက်ကပြုလုပ်တဲ့ စစ်ရေး ပြပွဲအခမ်းအနားမှာ တာလီဘန်တွေက စစ်လက်နက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ကိုးကား – The Defence Post

Ref; Black Hawk Helicopter Crashes During Taliban Training, 3 Killed