ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ငြိမ်းချမ်း ရေးစာချုပ်အတွက် နောက်ဆုံးသဘောတူညီချက်တွေ ရရှိတဲ့အခါမှပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
အနောက်အုပ်စုဟာ ယူကရိန်းကို အကူအညီတွေပေးမယ်လို့ ကတိပေးပြီး ရုရှားနဲ့ ထိပ်တိုက်တွေ့ အောင် မီးထိုးပေးနေတယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။
ဒါပေမဲ့ ဒီပြဿနာတွေက အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ ထင်ပေမဲ့ အခုထက်ထိတော့ အလေးအ နက်ထား ကိုင်တွယ်ရမယ့်ကိစ္စ ဖြစ်နေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။
ယူကရိန်းကို စစ်ရေးအရ ဆက်ပြီးကူညီနေတဲ့ ဥရောပနိုင်ငံတွေကိုလည်း ပူတင်က ပြစ်တင်ပြော ဆိုခဲ့ပြီး ရုရှားနဲ့ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုပဲ အနောက်အုပ်စုက ရှာဖွေသင့်တယ်လို့ ၎င်း က ဆိုပါတယ်။
ဇီလန်းစကီးနဲ့ တွေ့ဖို့ကိစ္စမှာတော့ ပူတင်က အချက်တစ်ချက်ကို အသေအချာ အလေးပေးပြော သွားပါတယ်။
ရုရှားက လိုချင်တဲ့ အခြေအနေတွေကို ယူကရိန်းက လက်မခံသရွေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက်မှာမဟုတ်ဘူး ပူတင်က ဆိုပါတယ်။
ရေရှည်သမိုင်းကြောင်းအရ ခိုင်မာမယ့် ငြိမ်းချမ်းရေးစာချုပ်အတွက် နောက်ဆုံးသဘောတူညီ ချက်တွေ ရပြီဆိုမှပဲ ယူကရိန်းသမ္မတနဲ့ တွေ့မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – NHK
Ref; Putin: Would meet Zelenskyy only if final peace agreements reached