ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
တိုက်ပွဲတွေရပ်တန့်ဖို့ အမေရိကန်က ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆိုပြုချက်အ ပေါ် အီရန်က ပြန်ကြားလာတာဟာ လုံးဝကို လက်ခံနိုင်စရာမရှိဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။
“အီရန်ကိုယ်စားလှယ်တွေဆီက တုံ့ပြန်ချက်ကို ကျွန်တော် ဖတ်ပြီးသွားပြီ။ အဲဒါကို ကျွန်တော် လုံးဝမကြိုက်ဘူး၊ လုံးဝ လက်ခံနိုင်စရာ မရှိဘူး” လို့ ၎င်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က အီရန်ဆီက အဖြေကို သောကြာနေ့မှာ ရလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ အီရန် ကတော့ ဘယ်လို သတ်မှတ်ရက် ဒါမှမဟုတ် ရာဇသံတွေကိုမှ ဂရုမစိုက်ဘူးလို့ တုံ့ပြန်ထားပါတယ်။
အီရန်ရဲ့အဖြေကို ကြားခံဖြစ်တဲ့ ပါကစ္စတန်ဆီ ပို့လိုက်ပြီလို့ အီရန်နိုင်ငံပိုင်သတင်းဌာနက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအဖြေထဲမှာ စစ်ပွဲတွေအားလုံး အထူးသဖြင့် လက်ဘနွန် မှာ တိုက်ပွဲတွေရပ်ဖို့နဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးကို အာမခံဖို့ ကိစ္စတွေကို အဓိကဖော်ပြတယ်လို့ သိ ရပေမဲ့ ကျန်တဲ့အချက်အလက်တွေကိုတော့ အသေအချာ မသိရသေးပါဘူး။
CBS ရုပ်သံလိုင်းက အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်စရိုက်ကို အီရန်ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး အင်တာဗျူးလုပ်ရာမှာ “ဒီကိစ္စက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။
ဒါပေမဲ့ အဲဒီ အဆုံးသတ်ကို ဘယ်လိုလမ်းကြောင်းကနေ သွားမလဲဆိုတာကိုပဲ မသိရသေးတာပါ” လို့ မှတ်ချက်ပေးပါ တယ်။
အီရန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေကို ဆက်ပြီး တိုက်ခိုက်နေပြီး အီရန်က လွှတ်တင်လိုက်တဲ့ ဒရုန်း နှစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
တနင်္ဂနွေနေ့ မိုးလင်းအားကြီးအချိန်မှာ ဝေဟင်ပိုင်နက်ထဲကို ရန်လိုတဲ့ ဒရုန်းအတော်များများ ကျူးကျော်ဝင်ရောက်လာ တွေ့ရှိခဲ့ရပြီး သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအညီ ဖြေရှင်းခဲ့တယ်လို့ ကူဝိတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။
ကိုးကား – NHK
Ref; Trump calls Iran’s response to US proposal unacceptable