ဧရာ၀တီတိုင်းမ်
မေ ၁၀ ရက်

 

အမေရိကန်နိုင်ငံတွင် ယနေ့ညပိုင်းကကျင်းပခဲ့သည့် UFC 328 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဖလိုင်းဝိတ်လက်ရှိချန်ပီယံ ဂျော့ရှူဝါဗန်က ပြိုင်ဘက် ဂျ်ပန်ဖိုကတာာ တက်ဆူရိုတိုင်ရာကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

ဂျပန်ဖိုက်တာ တိုင်ရာအနေဖြင့် ပထမအချီနှင့် ဒုတိယအချီများတွင် ဗန်ကို ချုပ်ကိုင်လှဲချ၍ ချုပ်ကွက်ကို အားပြုတိုက်ခိုက်ခဲ့ဖြင့် ဗန်အနေဖြင့် ရုန်းကန်ခဲ့ရသည်။

သို့သော် ဂျပန်ဖိုက်တာ၏ချုပ်ကွက်များထဲမှ ဗန်က ရုန်းထွက်နိုင်ခဲ့ပြီး ၄င်းအားသာသည့် လက်သီးချင်းယှဥ်ထိုးကာ ပြိုင်ပွဲ Game Plan ကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သည်။

 

တတိယအချီ၊ စတုတ္ထအချီနှင့် နောက်ဆုံးအချီများတွင် ဗန်၏အားပါးပြင်းထန်သည့် လက်သီးချက်၊ ဒူးတိုက်ချက်များကြောင့် တိုင်ရာ မျက်နှာဖူးယောင်ကွဲပြဲကာ သွေးများထွက်ခဲ့ပြီး ကြိုးဝိုင်းဒိုင်က ဒိုင်ပွဲရပ်ဖြင့် ဗန်ကို အနိုင်ပေးခဲ့သည်။

 

ဗန်အနေဖြင့် UFC ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ပထမဆုံးကာကွယ်သည့်ပွဲစဥ်တွင် ဂျပန်ဖိုက်တာ တိုင်ရာကို အကောင်းဆုံးယှဥ်ပြိုင်ထိုးသတ်ကာ ချန်ပီယံဂုဏ်ပုဒ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့သည်။