ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
မြန်မာစစ်အုပ်စုဟာ ပြီးခဲ့တဲ့အပတ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အ ကျယ်ချုပ် ပြောင်းရွှေ့ခဲ့ပေမဲ့ ဒါဟာ အာဆီယံခေါင်းဆောင်တွေကြား သဘောထားကွဲလွဲမှုတွေကို ပြေ လျော့သွားစေဖို့ လုံလောက်တဲ့ အခြေအနေတစ်ခု ဖြစ်မလာခဲ့ဘူးလို့ ဆိုရမှာပါ။
နိုင်ငံတကာက ဖယ်ကြဉ်ခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အကောင်းဆုံး ချဉ်း ကပ်ဆောင်ရွက်မလဲဆိုတဲ့အချက်မှာ အာဆီယံခေါင်းဆောင်တွေကြား အမြင်တွေ ကွဲနေကြတုန်းဖြစ်ပါ တယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ နှစ်နဲ့ချီကြာလာ တာတောင် မအောင်မြင်ဘဲ ဖြစ်နေတဲ့အပေါ် အဖွဲ့ဝင်နိုင်ငံတွေကြား တော်တော်လေး စိတ်ပျက်နေကြပြီ လို့ သောကြာနေ့မှာ ထုတ်ပြောခဲ့ပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ဒီငြိမ်းချမ်းရေးစီမံချက်ကို အခုထက်ပိုပြီး ထိထိရောက် ရောက် ဖြစ်သွားအောင် ပြန်လည်ပြင်ဆင်ဖို့ ဒါမှမဟုတ် အသေးစိတ် အချောသတ်ဖို့ လိုအပ်နေပြီလို့ ၎င်းက အကြံပြုပါတယ်။
“စိတ်မကောင်းစရာကတော့ မြန်မာ့အရေးမှာ ဘာတိုးတက်မှုမှ မတွေ့ရသေးတာပဲ” လို့ သူက ဆက်ပြောပါတယ်။ စီဘူးမြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တစ်ခါတလေ ခေါင်းဆောင် တွေကြား စကားပြောရတာ တော်တော်လေးကို အရှိန်တက်ပြီး ခံစားချက်တွေပါ ပါလာတဲ့အထိ ဖြစ်ခဲ့ကြ တယ်လို့ သူက ဆိုပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအ စည်းအဝေးတွေမှာ ပြန်ဖိတ်ဖို့ အကြံပြုထားတယ်ဆိုတာကို ထိုင်းသံတမန်တစ်ဦးက အတည်ပြုခဲ့ပါတယ်။
“ကျွန်တော်တို့ မြန်မာနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ပုံစံကို ပြောင်းလဲဖို့ လိုနေပြီ” လို့ အဆိုပါ ထိုင်းသံ တမန်က သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်း နိုင်ငံခြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ မာရတီက အခုအကြံပြုချက်က မြန်မာနဲ့ နိုင်ငံ ရေးအဆင့်မှာ ပြန်ပြီး ထိတွေ့ဆက်ဆံဖို့ ဆွေးနွေးမှုတွေရဲ့ အစပဲ ရှိပါသေးတယ်လို့ ရှင်းပြပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအ ဝေးစားပွဲဝိုင်းမှာ နေရာပြန်ပေးဖို့ လုံလောက်တဲ့ လုပ်ဆောင်ချက်မျိုး မတွေ့ရသေးဘူးလို့ ကြာသပတေး နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
“ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံသားအချင်းချင်းအ ပေါ် နှိပ်စက်ညှဉ်းပန်းတာတွေ၊ ရက်စက်ကြမ်းကြုတ်တာတွေက အခုထက်ထိ ရှိနေတုန်းပဲလေ” လို့ သူက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးလို့ အစိုးရအသစ် တက်လာတဲ့အခါကျ ကျွန်တော်တို့ ချမှတ် ထားတဲ့ ငြိမ်းချမ်းရေးစီမံချက်အတိုင်း တကယ်တမ်း လိုက်နာလုပ်ဆောင်တာမျိုးကို မြင်ချင်တာပါ” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – AFP
Ref; Tiny shifts seen in divided ASEAN’s approach to Myanmar