ဧရာဝတီတိုင်းမ်
မေ ၉ ရက်

 

ထိုင်းနိုင်သူဖြစ်ပြီး K-Pop အဆိုတော်တစ်ဦးဖြစ်သည့် BLACKPINK အဖွဲ့ဝင်LISA သည် လာမည့် ဇွန် ၁၂ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာကျော်အနုပညာရှင် ငါး ဦးနှင့်အတူ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကေပေါ့ပ်အဆိုတော်LISA သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့၊ SoFi Stadium တွင်ပြုလုပ်မည့် FIFA ကမ္ဘာ့ဖလား၂၀၂၆ ဖွင့်ပွဲအခမ်းအနားတွင် အဆိုတော် Katy Perry, Tyla, Anitta, Future, REMA တို့နှင့်အတူ ဖျော်ဖြေသွားမည် ဖြစ်သည်။

၂၀၂၆ FIFA ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါသုံးနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုလည်း နိုင်ငံ သုံးနိုင်ငံတွင် အသီးသီးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

နာမည်ကျော် ကမ္ဘာ့ဖလားသီချင်းများကိုဆိုခဲ့သည့် အဆိုတော်ရှာကီရာကလည်း ယခု၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်း Dai Dai ကိုလည်း ထပ်မံသီဆို ပေးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – အင်တာနက်