ဧရာဝတီတိုင်းမ်
မေ ၉ ရက်

အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ တရားဝင်အစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေ ကို ပြန်တက်ရောက်ခွင့်ပေးဖို့ အာဆီယံက အဆင်သင့်မဖြစ်သေးဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပေး ဖို့ တောင်းဆိုထားတာရှိပေမဲ့ ဒီကိစ္စကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောမတူကြသေးဘူးလို့ သူက ဆိုပါတယ်။

“လက်ရှိအခြေအနေမှာ သူတို့ရဲ့တောင်းဆိုချက်ကို လက်ခံဖို့ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေး ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်မပြတ်အောင်၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေ အောင် ဆက်ပြီး ထိတွေ့ဆက်ဆံသွားမှာပါ။ အဲဒီလိုလုပ်မှလည်း မြန်မာနိုင်ငံထဲမှာ ဘာတွေဖြစ်ပျက်နေ လဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်” လို့ ၎င်းက မလေးရှားမီဒီယာတွေကို ပြောပါ တယ်။

အာဆီယံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေကို အစည်းအဝေးတက်ခွင့် ပိတ် ပင်ခဲ့ပြီး အဆင့်မြင့်အစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေကိုပဲ တက်ရောက် ခွင့်ပြုခဲ့ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) အနေနဲ့ မြန်မာရွေးကောက်ပွဲကို မှတ် တမ်းတင်ထားပြီး ရွေးကောက်ပွဲရလဒ်တွေနဲ့ လက်ရှိဖြစ် ပေါ်နေတဲ့ အခြေအနေတွေကို ဆက်ပြီးတော့ သုံးသပ်နေဆဲပဲလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေ ဆက်ရှိနေတာ၊ အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးဝေဖို့ ခက်ခဲနေတာတွေကြောင့် အာဆီယံအနေနဲ့ စိုးရိမ်နေဆဲပဲလို့ ၎င်းက ဆက်ပြောပါတယ်။

“ဒီလိုအခြေအနေတွေ ဆက်ဖြစ်နေတာကို ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးလို့ ပေါ်လာတဲ့ အစိုးရသစ်အနေနဲ့ အာဆီယံ ဘုံသဘောထား ၅ ချက် (5PC) ကို အပြည့် အဝ လိုက်နာစေချင်ပါတယ်။ အဲဒီလို လိုက်နာနိုင်ပြီဆိုမှသာ နောက်နောင် အစည်းအဝေးတွေမှာ မြန်မာ အစိုးရရဲ့ တရားဝင်မှုကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပေးနိုင်မှာပါ” လို့ သူက ပြောပါတယ်။

ကိုးကား – Bernama
Ref; ASEAN Still Not Ready To Accept Myanmar Leaders At Summits And Meetings – Mohamad