ဧရာဝတီတိုင်းမ်
မေ ၈ ရက်
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကနေ တစ်ဆင့် တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကောင်ကင် ဟောင်က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံဘက်က ငါးနှစ်လောက် ဝေးကွာနေခဲ့တဲ့ အာဆီယံအသိုင်းအဝိုင်းထဲကို ပြန်ဝင် ဖို့ ကြိုးစားလာတဲ့ခြေလှမ်းလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကောင်ကင်ဟောင်က ပြည် တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံဟာ အဖွဲ့ဝင် ၁၁ နိုင်ငံပါ အာဆီယံနဲ့ ဆက်ဆံရေးတွေ ပြန် ကောင်းချင်ကြောင်း အရိပ်အယောင်ပြပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေရှိဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရောက်ရှိဖို့အတွက် တိုးတက်မှု တွေကို အရင်ဆုံး မြင်ချင်နေတယ်လို့ ပြောပါတယ်။
“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေး နွေးဖို့ သဘောတူလိုက်ကြပါပြီ။ မကြာခင်မှာပဲ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံကြဖို့ ရှိပါတယ်” လို့ သူက ပြောပါတယ်။
အာဆီယံက အခုထိ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုသေးသလို မင်းအောင်လှိုင် ကိုလည်း အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးတာမျိုး မရှိသေးပါဘူး။
အခုလို မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးရဲ့ အကြံပြုချက်ကြောင့် ပေါ်ထွက်လာတာလို့ ဆိုရမှာပါ။
ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာနဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်နိုင်ဖို့အတွက် အာဆီယံ အဖွဲ့ဝင်တွေကြားမှာ ဘုံသဘောထားတစ်ခုရရှိအောင် ဒီအစီအစဉ်ကို တင်ပြမယ်လို့ အင်္ဂါနေ့က ပြော ကြားခဲ့ပြီးနောက် အခုလို အွန်လိုင်းကနေ ဆွေးနွေးဖို့ သဘောတူညီချက် ရလာခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးကို သက်တမ်း တစ်နှစ်ထက်မက ပိုပြီးတာဝန်ပေး အပ်နိုင်မယ့် အခြေအနေတွေကိုလည်း လက်ရှိမှာ ဆွေးနွေးနေကြပေမဲ့ အဲဒီလိုလုပ်ဖို့အတွက် ဖြေရှင်းရ မယ့် ဆိုးကျိုးသက်ရောက်နိုင်တဲ့ ကိစ္စရပ်အချို့ ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – Reuters
Ref; ASEAN to hold talks soon with Myanmar foreign minister, secretary-general says