
PDF အဖြစ်တာဝန်ထမ်းဆောင်နေသည့် CDM ရဲ၊စစ်သား ၁၇ ဦးအား NUG က ဂုဏ်ပြုဆုငွေချီးမြှင့်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့တွင် CDM ဝင်ရောက်လာပြီး PDF ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေကြသော CDM စစ်သား၊ ရဲသား (၁၇) ဦးအား ဂုဏ်ပြုပွဲအခမ်းအနားကိုစက်တင်ဘာလ (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သတင်းထုတ်ပြန်ထားသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး တိုင်း၊ ခရိုင် တာဝန်ရှိသူများ၊ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများ၊ ပကဖ၊ ပအဖ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အမှာစကား ပြောကြားခြင်း၊ CDM ရဲဘော်များမှ ၎င်းတို့ CDM ပြုလုပ်စဉ်ပါလာသည့် လက်နက်များအားအပ်နှံခြင်း၊ CDM ရဲဘော်များအား
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – NUG MOD
#Ayeyarwaddy_Times