
ဘီးလင်းမှာ စစ်တပ်သတင်းပေးဆိုသူ ၁ ဦး နေအိမ်မှာပစ်သတ်ခံရ
နိုင်း/ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ စက်တင်ဘာ ၁၂ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ သပြေနီကျေးရွာက စစ်တပ်သတင်းပေးဟုဆိုသူ ၁ ဦး စက်တင်ဘာ ၁ဝ ရက် ည ၁၀ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ပစ်သတ်ခံရသူမှာ သပြေနီကျေးရွာမှ စစ်တပ်သတင်း ပေး ဦးအောင်ညွန့် ဆိုသူဖြစ်ပြီး ၎င်း နေအိမ်၌ ရှိနေစဉ် အမည်မသိသေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့်သေဆုံးသွားခဲ့ကြောင်းသိရ သည်။
“သူကရွာရဲ့ဒလန်အကြီးစား၊ ဘောလုံးသမား၊ ဆေးလည်းသုံးတယ်ပြောတယ်၊ အုပ်ချုပ်ရေးပိုင်း မှာ တော့မပါဘူး။ စစ်တပ်နဲ့အဆက်အစပ်ရှိတယ်၊ သူနဲ့အဆင်မပြေရင်တိုင်တာတွေ သတင်း ပေးတာ တွေရှိတယ်” ဟု ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဦးအောင်ညွန့် သတ်ခံရပီးနောက် ထိုနေ့ည၁၀နာရီဝန်းကျင်တွင်ပင် ဘီလင်းသံတံတားဂိတ်မှ လက်နက်ကြီးများနှင့် ရမ်းပစ်ခတ်မှုများရှိပြီး အဆိုပါဂိတ်သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ မကြာခဏတိုက်ခိုက်ခံနေရသည့်ဂိတ်တခုဖြစ်ကြောင်းသိရသည်။
စက်တင်ဘာလ ၆ရက် နှင့် ၈ရက်နေ့တွင်လည်း ပေါင်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး နှင့် ဘီးလင်းမြို့မှ ပျူစောထီးခေါင်းဆောင် ၁ ဦးတို့ ပစ်သတ်ခြင်းခံခဲ့ရကြောင်းသိရသည်။
#Ayeyarwaddy_Times