ဧရာဝတီတိုင်းမ်
မေ ၇ ရက်

 

မြန်မာရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကြား အခုထိ သဘောတူညီချက်တစ်ရပ် မရသေးဘူးလို့ သိရပါတယ်။

 

ဒါဟာ ဧပြီလအတွင်း စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က သမ္မတအဖြစ် ရာထူးရယူပြီး သူ့ ရဲ့အာဏာကို တရားဝင် ခိုင်မာအောင် လုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့အခြေအနေ ဖြစ်ပါတယ်။

 

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အရေးဟာ အာဆီယံအစည်းအဝေးတွေမှာ အဓိက ဆွေးနွေး စရာကိစ္စ ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာ သိမ်းခဲ့တာ ၅ နှစ်ကြာ ရှိခဲ့ပြီဖြစ်သလို အဲဒီနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆူပူအုံကြွမှုတွေနဲ့ အကြမ်းဖက်မှု တွေ ဆက်တိုက် ဖြစ်ပွားခဲ့တာပါ။

 

အာဆီယံအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒိုမီနက်ဇေဗီယာက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ အာ ဆီယံအနေနဲ့ အရင်ကတည်းက သဘောတူထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်အတိုင်း ဆက်ပြီး လုပ် ဆောင်သွားမှာဖြစ်ပြီး ရပ်တည်ချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

 

“အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံနေဆဲပါ။ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိ လစ်ပိုင်နိုင်ငံတင်သာမက တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း မြန်မာနိုင်ငံနဲ့ ဆက်သွယ်ဆောင် ရွက်နေကြပါတယ်” လို့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။

 

အာဆီယံအနေနဲ့ မြန်မာ့အရေး ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေသလို အထူး သဖြင့် ဘုံသဘောတူညီချက် (၅) ရပ်ကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့ တိုးတက်မှု အခြေအနေတွေကို အလေးထားနေတယ်လို့ သူက ဆိုပါတယ်။

 

ကိုးကား – Bernama
Ref; ASEAN Yet To Reach Consensus On Recognising Myanmar Elections