ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒိုမီနစ်ဇေဗီယာက စီဘူးမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အ စည်းအဝေးတွေကို မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံ့အကြီးအကဲတွေအား လုံး တက်ရောက်နေကြတယ်လို့ ပြောပါတယ်။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲ တမ်းအတွင်းဝန်က ဉီးဆောင်ပြီး တက်ရောက်လျက်ရှိပါတယ်။
ဧပြီလတုန်းက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုကတစ်ဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။ သူဟာ ၂၀၂၁ ခုနှစ်တုန်းက နိုဗယ်ငြိမ်း ချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာရယူခဲ့ပါတယ်။

ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဘာကြောင့် မတက်ရောက်တာ လဲလို့ မေးမြန်းတဲ့အခါ “ကျွန်တော်တို့အနေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ် ဆောင်တာပါ” လို့ ၎င်းက ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမပြု ဆိုတဲ့အပေါ်မှာ အာဆီယံနိုင်ငံတွေကြား အခုထိတော့ ဘုံသဘောတူညီမှု မရသေးဘူးလို့ သူက ဆိုပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်းကြားထဲမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဘယ်လိုထားမလဲ ဆိုတဲ့အပေါ် ဆက်ပြီးတော့ ညှိနှိုင်းဆွေးနွေးနေကြတုန်းပဲလို့ သူက ပြောပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ် လောက်အထိ တိုးတက်မှုရှိနေပြီလဲဆိုတာကို စောင့်ကြည့်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – GMA News
Ref; All leaders except Myanmar president will attend ASEAN Summit 2026 in Cebu