ဧရာဝတီတိုင်းမ်
မေ ၆ ရက်
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးကို ဒေသတွင်း ထိပ်တန်းသံတမန်တွေနဲ့ တွေ့ဆုံနိုင်ရေး ဖိတ်ကြားသွားဖို့ အစီအစဉ်ရှိတယ်လို့ မေလ ၅ ရက်နေ့မှာ ပြော ကြားခဲ့ပါတယ်။
ယခုလို ဖိတ်ကြားခြင်းမှာ မြန်မာစစ်အစိုးရသစ်နဲ့ ပိုမို ထိတွေ့ဆက်ဆံနိုင်ရေးအတွက် အာဆီယံအ ဖွဲ့အတွင်း ဘုံသဘောတူညီချက်တစ်ရပ်ရရှိဖို့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သူ ဆီဟာဆက်က ၎င်းအနေနဲ့ နိုင်ငံခြားရေး ဝန်ကြီး အဆင့်အပါအဝင် မြန်မာခေါင်းဆောင်ပိုင်းနဲ့ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ဖို့ တွန်းအားပေးဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။
“ဒါဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ဘေးပန်းဆွေးနွေးပွဲ တစ်ခုဖြစ်လာ မှာပါ” လို့ ၎င်းက ပြောပါတယ်။
“မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးက လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ဘာတွေလုပ်ဖို့ အစီအ စဉ်ရှိလဲဆိုတာ ကျွန်တော်တို့ကို ရှင်းပြနိုင်မှာပါ။ ကျွန်တော်တို့က ရှေ့ဆက်မယ့် အစီအစဉ်တွေကို လုပ် ဆောင်မှာပါ။ ဒါဟာ အဆင့်ဆင့် လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်” လို့ သူက ရှင်းပြ ပါတယ်။
အဆိုပါအစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးအ စည်းအဝေး တက်ရောက်ကြမဲ့ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“အခြေအနေတွေ တိုးတက်ကောင်းမွန်လာတာကို မြင်ချင်တယ်၊ ငြိမ်းချမ်းရေးကို မြင်ချင်တယ်ဆို ရင် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားရမှာပါ” လို့ ဆီဟာဆက်က ဆိုပါတယ်။
မြန်မာခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံစဉ် အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ပါ အချက်အလက်တွေ ကို တွန်းအားပေး ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
နေပြည်တော်ခရီးစဉ်အတွင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိန်းသိမ်းခံထားရတဲ့ အသက် ၈၀ အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ခြင်း မရှိဘူး လို့ ၎င်းက ဆက်ပြောပါတယ်။
“ကျွန်တော့်ရဲ့ အဓိက စိုးရိမ်ပူပန်မှုက ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေဖို့ပါပဲ။ ပြီး တော့ သူ့ကို အခုထက် ပိုကောင်းတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Thai foreign minister seeks ASEAN talks with Myanmar counterpart