ဧရာဝတီတိုင်းမ်
မေ ၆ ရက်
အရပ်သားတွေ ဘေးကင်းလုံခြုံရေးဟာ အာရက္ခတပ်တော်ရဲ့ ဉီးစားပေးလုပ်ငန်းတစ်ခုဖြစ်တယ် လို့ အာရက္ခတပ်တော် အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က The Diplomat နဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
အရပ်သားတွေကို ထိရောက်စွာ ကာကွယ်နိုင်မဲ့နည်းလမ်းတွေ ရှာဖွေနေပြီး စစ်အုပ်စုရဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲဆောင်ရွက်နေကာ စစ် အုပ်စုက အရပ်သားတွေကို ဗုံးကြဲနေသရွေ့ နိုင်ငံရေးလုပ်ငန်းစဉ် ရှာဖွေဖို့ အလွန်ခက်ခဲမယ်လို့ သူက ဆိုပါ တယ်။
စစ်အုပ်စုအနေနဲ့ မဖြစ်နိုင်တာတွေ တောင်းဆိုနေမဲ့အစား အရှိတရားကို လက်ကိုင်ပြုပြီး အားလုံး ပါဝင်တဲ့ ရိုးသားသော ဆွေးနွေးမှုတွေပြုလုပ်ဖို့ အလေးထားသင့်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဟာ အရေးပါသော ဇာတ်ကောင်ဖြစ်ပြီး NUG ကို လေး စားသမှုရှိတယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ ခန့်မှန်းရခက်ခဲနေဆဲဖြစ်ပြီး စစ်အုပ်စု ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေ ကြောင့် သွေးထွက်သံယိုမှုတွေ ပိုရှိလာနိုင်တယ်လို့ ၎င်းက ထောက်ပြပါတယ်။
နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုနဲ့ တည်ငြိမ်မှုဟာ အားလုံးရဲ့ အကျိုးစီးပွားဖြစ်ပြီး ၎င်းတို့အနေနဲ့ နိုင်ငံရေးအရ ရင့်ကျက်မှုရရှိဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာစစ်အုပ်စုက ရခိုင်ပြည်နယ်ကို ၂၀၂၃ ခုနှစ်မတိုင်မီ အခြေအနေ ပြန်သွားစေချင်သလို မိမိတို့ ကလည်း လွတ်လပ်သော နိုင်ငံတော်ဖြစ်ခဲ့တဲ့ ၁၇၈၄ ခုနှစ်ကို ပြန်သွားလိုတယ်လို့ ၎င်းက ပြောပါတယ်။
ဒုက္ခသည်တွေအနေဲ့ ခေါင်းပုံဖြတ်ခံရနိုင်တဲ့ အခြေအနေရှိလို့ ၎င်းတို့ကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ကြောင်း၊ မိမိတို့တွင် အိန္ဒိယနိုင်ငံနဲ့ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း၊ ဒေ သတွင်း လက်နက်ကိုင်ပဋိပက္ခတွေဟာ အိမ်နီးချင်းနိုင်ငံများဆီသို့ ကူးစက်သွားနိုင်ပြီး ဒေသတွင်းလုံခြုံ ရေးကို ခြိမ်းခြောက်လာနိုင်သောကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ် လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရှင်းပြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုကို မြင်တွေ့လိုခြင်းဟာ ဖိအားပေးခြင်းမ ဟုတ်ကြောင်း၊ တရုတ်နိုင်ငံက အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်မှာဖြစ်ပြီး ယင်းမှာ နိုင်ငံတိုင်း လုပ်ဆောင်လေ့ရှိတဲ့ အစဉ်အလာဖြစ်တယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုပါတယ်။
ကိုးကား – The Diplomat
Ref; Arakan Army Chief Twan Mrat Naing on Talks With the Myanmar Government, and Relations With India and Bangladesh