ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

 

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ ထန်းတပင်၊ အုတ်တွင်းစသည့်မြို့နယ်များရှိ ကျေးရွာများကို ရွေးတုအစိုးရလက်အောက်ခံစစ်တပ်က ပြီးခဲ့သည့် မေ ၃ ရက်နေ့၊ ညသန်းခေါင်ယံအချိန်တွင် အကြောင်းမဲ့လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထန်းတပင်မြို့နယ်အတွင်းရှိ ဘွားအေစု၊ ဇလုပ်ကြီး၊ ငါးဆီလှောင်၊ သောင်ပုချောင်ရွာများကို ညသန်းခေါင်အချိန်တွင် စစ်တပ်က Y-12 လေယာဉ်များ၊ ဂျိုင်ယိုကော်ပတာ(Gyrocopter)များဖြင့် ဗုံးအလုံး ၄၀ နီးပါးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၁၂ လုံးနှင့်စာသင်ကျောင်းတစ်ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။

သောင်ပုချောင်ရွာနှင့် ငါးဆီလှောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အမျိုးသားတစ်ဦးနှင့် အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“စစ်တောင်းမြစ်တလျှောက်ရွာအားလုံးကို ဗုံးသီး၃၉လုံးလိုက်ကြဲချသွားတယ် ည ၁၂ နာရီလောက်ဒီတိုင်းလိုက်ပစ်တာ ဘာတိုက်ပွဲမှလဲမရှိဘူး။ တမင်လိုက်ပစ်တာ ပြည်သူတွေကိုလိုက်သတ်တာ” ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် အဆိုပါနေ့တွင်ပင် ဘွားအေစုကျေးရွာအတွင်းသို့ ဇရပ်ကြီးအခြေစိုက် ခလရ-၇၃တပ်ရင်းမှ ဟောင်ဝှစ်ဇာများဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးငယ် သုံး ဦးထိခိုက်ဒဏ်ရာရရှိရှိခဲ့ပြီး နှစ် ဦးမှာစိုးရိမ်ရကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ပေးပို့