ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီအပေါ် ဆိုဗီယက်ပြည်ထောင်စုက အောင်ပွဲရရှိခဲ့တဲ့ နှစ်ပတ် လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံက ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို နှစ်ရက်ကြာ တစ် ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ညွှန်ကြားချက်အရ မေလ ၈ ရက်နှင့် ၉ ရက်မှာ အပစ်အခတ်ရပ်စဲ မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းအစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာလုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့် ကြောင်း ဝန်ကြီးဌာနက ဆက်ပြောပါတယ်။

ရုရှားနိုင်ငံဟာ မော်စကိုမြို့မှာ ကျင်းပမဲ့ အောင်ပွဲနေ့အခမ်းအနားအတွက် ပြင်ဆင်နေချိန်မှာ ယ ခုလို အပစ်အခတ်ရပ်စဲခြင်းမှာ အဆိုပါအခမ်းအနားကို ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ရည်ရွယ်ပုံရတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းက ပြုလုပ်ခဲ့တဲ့ ဖုန်းနဲ့စကားပြောဆိုမှုအတွင်း ရုရှားသမ္မတ ပူတင်က အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်အား အောင်ပွဲနေ့ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ အဆင်သင့်ရှိတယ်လို့ ပြော ကြားခဲ့တယ်လို့ ရုရှားသမ္မတရုံးက ဆိုပြီး ဒေါ်နယ်ထရမ့်ကလည်း အဆိုပါအကြံပြုချက်ကို ထောက်ခံခဲ့ ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှား လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ တိုက်ခိုက်မှု တွေ ရပ်စဲရေးနဲ့ပတ်သက်ပြီး ယူကရိန်းထံ တရားဝင် အကြောင်းကြားမှုမျိုး မရှိသေးပါလို့ တနင်္လာနေ့မှာ ၎င်းရဲ့ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအနေနဲ့ မေလ ၅ ရက်မှ ၆ ရက်သို့ ကူးပြောင်းမဲ့ ညသန်းခေါင်ယံမှစတင်ပြီး အ ပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; Russia declares 2-day Victory Day ceasefire with Ukraine