ဧရာဝတီတိုင်းမ်
မေ ၅ ရက်
ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေ ပြန်လည်သွားလာနိုင်ရေးအတွက် အမေရိကန်ရဲ့ ရေ တပ်စစ်ဆင်ရေးကို ဟန့်တားဖို့ ကြိုးပမ်းလာတဲ့ အီရန် ကင်းလှည့်ရေယာဉ်ငယ် ၆ စီးကို ဖျက်ဆီးခဲ့ပြီး တီ ဟီရန်မှ ပစ်ခတ်လိုက်တဲ့ ခရုစ်ဒုံးကျည်တွေနဲ့ဒရုန်းတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က မေလ ၄ ရက်နေ့မှာ ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို အီရန်လက်အောက်မှ ပြန်လည်ရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က Project Freedom လို့ အမည်ရတဲ့ စစ်ဆင်ရေးကို မေလ ၄ ရက်နေ့တွင် စတင်ခဲ့ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ်ကူးပါးက ဧပြီလ ၈ ရက် နေ့မှာ စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အသက်ဝင်နေဆဲ ရှိ၊ မရှိကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါ တယ်။
အီရန်နိုင်ငံက မေလ ၄ ရက်နေ့မှာ အာရပ်စော်ဘွားများပြည်ထောင်စုအား ဒရုန်းတွေ၊ ဒုံးကျည် တွေနဲ့ တိုက်ခိုက်ခြင်း အပါအဝင် ဒေသတွင်း အကြမ်းဖက်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။
“အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ဟာ ကျွန်တော်တို့ အကာအကွယ်ပေးထားတဲ့ သင်္ဘော တွေကို ခရုစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ကင်းလှည့်ရေယာဉ်ငယ်တွေ အများအပြား စေ လွှတ်ခဲ့ပါတယ်။ ကျွန်တော်တို့က ခဲယမ်းမီးကျောက်တွေကို စနစ်တကျ အသုံးပြုပြီး အဲဒီခြိမ်းခြောက်မှု တိုင်းကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပါတယ်” လို့ ဘရတ်ကူးပါးက ဆိုပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင် ၁၅,၀၀၀၊ ရေတပ်ဖျက်သင်္ဘောများ၊ လေယာဉ်အစီးရေ ၁၀၀ ကျော် ပါဝင် တဲ့ အမေရိကန်ရဲ့ ယခုစစ်ဆင်ရေးအတွင်း အီရန်တပ်ဖွဲ့အနေနဲ့ အမေရိကန်စစ်လက်နက်တွေနဲ့ ဝေးဝေး နေဖို့ ၎င်းက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
မေလ ၄ ရက်နေ့က ဟော်မုဇ်ရေလက်ကြားမှာ တောင်ကိုရီးယားသင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီး အဆိုပါသင်္ဘောဟာ အမေရိကန်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းမဟုတ်ကြောင်း၊ အီရန်အနီးရှိ သင်္ဘောသွားလာမှုတွေကို အကာအကွယ်ပေးဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်သင့်ကြောင်း ဒေါ် နယ်ထရမ့်က ဆိုပါတယ်။
အမေရိကန်အနေနဲ့ အီရန်ရဲ့ မြန်နှုန်းမြှင့်တိုက်ခိုက်ရေးလှေ ၇ စီးကို နစ်မြုပ်အောင် ပစ်ခတ်နိုင်ခဲ့ တယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Reuters
Ref; US destroys six Iranian small boats, shoots down missiles, drones as it opens Strait of Hormuz