ဧရာဝတီတိုင်းမ်
မေ ၅ ရက်
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တဲ့ သတင်း ကြောင့် ပြည်တွင်းပြည်ပက လူတွေကြားမှာ စိတ်လှုပ်ရှားမှုတွေ တော်တော်လေး ဖြစ်သွားခဲ့ပါတယ်။ သူ့ ကို လေးစားကြတဲ့သူတွေအတွက် အကျဉ်းထောင်ထဲမှာ ပင်ပင်ပန်းပန်း နေခဲ့ရတာထက်စာရင် အခုလို အ ခြေအနေမျိုး ဖြစ်လာတာကို လူသားချင်းစာနာမှုအရ ဝမ်းသာစရာလို့ မြင်ကြမှာပါ။
ဒါပေမဲ့ နေအိမ်အကျယ်ချုပ်ဆိုတာ လွတ်လပ်ခွင့်ရတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဟာ အခုထိ နိုင်ငံရေးအကျဉ်းသားအဖြစ် ရှိနေသေးပြီး လူထုနဲ့ အဆက်အသွယ်ဖြတ်ခံထားရသလို လွတ် လပ်စွာ ပြောဆိုခွင့်လည်း မရှိသေးပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံး ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်မှသာ မြန်မာနိုင်ငံမှာ တရားမျှတမှု ရှိလာမှာ ဖြစ်ပါ တယ်။ အခုအချိန်ဟာ ဝမ်းသာနေရုံတင်မဟုတ်ဘဲ အရှိတရားကိုလည်း ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတဲ့ အ ချိန်ပါ။
ဆယ်စုနှစ် သုံးခုကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာ အဓိက နေရာမှ ပါဝင်ခဲ့ပြီး မိသားစုနဲ့ ခွဲခွာရတာ၊ အကျဉ်းချခံရတာနဲ့ အာဏာပိုင်တွေရဲ့ ဖိအားတွေကို ကြံ့ကြံ့ခံခဲ့ရ သူ ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေအပေါ် အမြင်မတူတာတွေ ရှိနိုင်ပေမဲ့ သူ့ရဲ့ ကိုယ် ကျိုးစွန့် အနစ်နာခံမှုတွေကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ် ရောက်လာတာကို ဘာမှမထူးခြားသလိုမျိုး လျစ်လျူရှုလိုက်မယ်ဆိုရင်လည်း မှားပါလိမ့်မယ်။ သာ မန်ပြည်သူအများစုက သူ့ကို သတ္တိနဲ့ မျှော်လင့်ချက်ရဲ့ ပြယုဂ်တစ်ခုလို မြင်နေကြဆဲဖြစ်ပြီး ဒါဟာလည်း နားလည်ပေးလို့ရတဲ့ အချက်ပါ။
ဒါပေမဲ့ ဒီအပြောင်းအလဲလေး တစ်ခုတည်းနဲ့တင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြီးတစ်ခုလုံး ပြောင်းလဲသွားပြီလို့ ထင်လိုက်ရင်တော့ ဒါဟာ အမှားကြီး ဖြစ်သွားပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ကို အကျဉ်းချခဲ့တဲ့ စစ်အာဏာပိုင်တွေရဲ့ လက်အောက်မှာပဲ ရှိနေသေးတာဖြစ်လို့ သူ့ဆီက ထွက် ပေါ်လာမယ့် စကားလုံးတွေ ဒါမှမဟုတ် လုပ်ဆောင်ချက် မှန်သမျှကို သတိနဲ့ စောင့်ကြည့်ရမှာပါ။ အ စောင့်အကြပ်တွေ ချထားတဲ့ အိမ်ထဲကနေ ဘယ်သူမှ ကိုယ့်ရဲ့ နိုင်ငံရေးလမ်းစဉ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်မှာ မဟုတ်ပါဘူး။
တော်လှန်ရေးက လူပုဂ္ဂိုလ်တစ်ဦးထက် ပိုအရေးကြီး
၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီကို ရပ်တန့်စေခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှုတွေနဲ့အတူ တုန်လှုပ်ချောက်ချားစရာတွေ ဖြစ်ခဲ့ရပါတယ်။ ငြိမ်း ချမ်းစွာ ဆန္ဒပြမှုတွေကို ကျည်ဆန်တွေနဲ့ တုံ့ပြန်ခဲ့သလို ကျေးရွာတွေ ဗုံးကြဲခံရတာ၊ မီးရှို့ခံရတာနဲ့ လူသူ ကင်းမဲ့အောင် လုပ်ဆောင်တာတွေ ခံခဲ့ရပါတယ်။ ဒါ့အပြင် လူပေါင်းသန်းချီပြီးတော့လည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဒီလိုဆင်းရဲဒုက္ခတွေကြားကနေပဲ ပိုမိုကျယ်ပြန့်ပြီး အလွှာစုံပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီထဲမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ လူငယ်နဲ့ အမျိုးသမီးအဖွဲ့တွေအပြင် အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ အ ရာအားလုံးကို စွန့်လွှတ်ထားကြတဲ့ သာမန်ပြည်သူတွေ အမြောက်အမြား ပါဝင်နေပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က အရေးမပါတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ တကယ်တော့ မြန်မာ့နွေဦးတော်လှန်ရေးဟာ ခေါင်းဆောင်တစ်ဦးတစ်ယောက်တည်းထက် ပိုပြီးကျယ်ပြန့်သွားပြီဆိုတာ ကို ပြနေတာပါ။ စစ်အာဏာရှင်ကို တော်လှန်နေကြသူတွေအတွက် အချက်နှစ်ချက်ကို တစ်ပြိုင်တည်း လက်ကိုင်ထားဖို့ လိုပါတယ်။ အဲဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းကြောင်းကို လေးစားပြီး သူအပြည့်အဝ လွတ်မြောက်ဖို့ မျှော်လင့်နေသလိုမျိုး တစ်ဖက်မှာလည်း လူ့အဖွဲ့အစည်းအားလုံး အထူးသ ဖြင့် အနစ်နာခံခဲ့ကြရတဲ့ လူငယ်တွေနဲ့ အခွင့်အရေးဆုံးရှုံးနေသူတွေရဲ့ဆန္ဒကို ထင်ဟပ်စေမယ့် အားလုံးပါ ဝင်နိုင်တဲ့ နိုင်ငံရေးစနစ်သစ်တစ်ခုကို ဆက်ပြီး တည်ဆောက်သွားဖို့ပဲ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာစစ်တပ်ဟာ ရုတ်တရက်ကြီး စိတ်ကောင်းဝင်လာတာ မဟုတ်ပါဘူး။ ဒေါ် အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တာဟာ သူတို့ရဲ့ တွက်ချက်ထားတဲ့ ရည်ရွယ် ချက်တွေ ရှိနေလို့ပါ။ ဒါကို လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုလို ဟန်ပြပြီး နိုင်ငံတကာမှာ သူတို့ရဲ့ ပုံရိပ်ကို ကောင်းအောင်လုပ်ဖို့နဲ့ ဖိအားတွေလျှော့ချဖို့ ဒါမှမဟုတ် စီးပွားရေးလမ်းကြောင်းတွေ ပြန် ဖွင့်လာဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ အရင်က အကျင့်ဟောင်းတွေကို ပြန်ဖော်ထုတ်ဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒါက တော့ အဓိကကျတဲ့ မတရားမှုတွေကိုတော့ ဒီအတိုင်းထားပြီး စစ်ဗိုလ်ချုပ်တွေနဲ့ လူသိများတဲ့ အရပ်သား ခေါင်းဆောင်တစ်ဦးကို အလယ်မှာထားတဲ့ စီစဉ်မှုတစ်ခုဟာ ရှေ့ဆက်ဖို့ အကောင်းဆုံးလမ်းစဖြစ်သ ယောင် ပြောဆိုလာတာမျိုးပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အခြေအနေအရ ဘာမှပွင့်ပွင့်လင်းလင်း မပြောနိုင်သေးတာကို အခွင့်ကောင်းယူပြီး သူ့ကို အသုံးချကာ တော်လှန်ရေးအင်အားစုတွေကို သူတို့ရဲ့ တောင်းဆိုချက်တွေ လျှော့ချဖို့နဲ့ မြန်မာစစ်တပ်က ဆက်ပြီး အသာစီးရနေမယ့် အပေးအယူတွေကို လက် ခံဖို့ ဖိအားပေးလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။
ဒါကို သတိပြုမိတဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ
အသိုင်းအဝိုင်းက စစ်အစိုးရရဲ့ အခုလို လုပ် ဆောင်ချက်ဟာ တကယ့်အစစ်အမှန် ပြောင်းလဲမှုတွေလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သက်သေအဖြစ် မယူဆမိဖို့ သတိထားရပါမယ်။ အကျဉ်းထောင်ထဲကနေ အစောင့်အကြပ်တွေရှိတဲ့ အိမ်ထဲကို ပြောင်းရွှေ့ လိုက်ရုံနဲ့ ရွာသူရွာသားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကနေ မကာကွယ်နိုင်သလို မီးလောင်သွားတဲ့ အိမ်တွေကိုလည်း ပြန်မရနိုင်ပါဘူး။ အလားတူ စစ်ဘေးရှောင် ကလေးတွေအတွက်လည်း ကျောင်းပြန် တက်ခွင့်ရဖို့ အာမခံချက် မရှိသေးပါဘူး။
တော်လှန်ရေး အင်အားစုတွေ ဘာလုပ်နိုင်မလဲ
အခုလို ထိရှလွယ်တဲ့ အခြေအနေမှာ မြန်မာ့တော်လှန်ရေး အင်အားစုတွေအတွက် ခက်ခဲပေမဲ့ အ ရေးကြီးတဲ့ လုပ်ဆောင်စရာတွေ ရှိနေပါတယ်။ ပထမအချက်ကတော့ လူသားချင်းစာနာမှုအရ တုံ့ပြန်ဖို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေ အနည်းငယ် သက်သာလာတာကို ဝမ်းသာကြောင်း ပြသရင်းနဲ့ပဲ သူ နဲ့အတူ အခြားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုရပါမယ်။
ဒုတိယအချက်အနေနဲ့ အခြေအနေတွေကို ရှင်းလင်းအောင် လုပ်ဆောင်ဖို့ပါ။ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ပြောဆိုတဲ့ ဘယ်စကားကိုမဆို လွတ်လပ်တဲ့ ဆုံးဖြတ်ချက်လို့ မသတ်မှတ်ဖို့ လိုပါတယ်။ ဒါ မှသာ ဒေါ်အောင်ဆန်းစုကြည်ကို အလွဲသုံးစားလုပ်တာကနေ ကာကွယ်နိုင်မှာဖြစ်သလို တော်လှန်ရေး ကြီး လမ်းကြောင်းလွဲသွားအောင် လုပ်ကြံဖန်တီးထားတဲ့ အချက်ပြမှုတွေကနေ တားဆီးနိုင်မှာ ဖြစ်ပါ တယ်။
တတိယအချက်အနေနဲ့ ၂၀၂၁ ခုနှစ်ကတည်းက ပြည်သူတွေ တောင်းဆိုခဲ့တဲ့ ပန်းတိုင်တွေကိုပဲ ဆက်ပြီး အာရုံစိုက်ထားဖို့ပါ။ အဲဒါတွေကတော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ မတရားခံရသူတွေ အတွက် တရားမျှတမှု ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးနဲ့ လက်နက် ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရက အပြည့်အဝ ထိန်းချုပ်နိုင်ရေးတို့ပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက် တွေဟာ ဟန်ပြလုပ်ရပ်လေးတွေနဲ့တင် ရရှိလာနိုင်မှာ မဟုတ်ပါဘူး။
ဒေသတွင်း အစိုးရတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားသူတွေ အတွက် ဒီသတင်းဟာ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိ မရှိ စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။ သူ့ကို ဂုဏ် သိက္ခာရှိရှိ ဆက်ဆံဖို့ တိုက်တွန်းတာက သင့်တော်ပေမဲ့ အခုလို အပြောင်းအလဲလေး တစ်ခုတည်းနဲ့ လက် နက်အားကိုးပြီး အုပ်ချုပ်နေသူတွေအပေါ် ပေးထားတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ သံတမန်ရေးရာ ဖိအားတွေ ကို လျှော့ချပေးဖို့ကတော့ လုံးဝမသင့်တော်ပါဘူး။
တကယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို တကယ်ကူညီချင်တယ်ဆိုရင် နိုင်ငံ ရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုရပါမယ်။ ဒါ့အပြင် အရပ်သားတွေအပေါ် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အ ဟန့်အတားမရှိ ပေးပို့နိုင်ခွင့်ရဖို့ကိုလည်း အခိုင်အမာ ပြောဆိုရမှာပါ။
မြန်မာစစ်တပ်နဲ့ လူသိများတဲ့ အရပ်သားခေါင်းဆောင် တစ်ဦးတည်းကိုပဲ အာရုံစိုက်နေမယ့်အစား တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေအားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုကိုလည်း ထောက်ခံပေးဖို့ လိုပါတယ်။ အဓိ ကကတော့ လူမျိုးစုအားလုံး ကြောက်ရွံ့မှုကင်းကင်းနဲ့ နေထိုင်နိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင် ငံတော်သစ် တည်ဆောက်ရေးဆိုတဲ့ ရေရှည်ပန်းတိုင်ကို မျက်ကွယ်မပြုထားဖို့ပဲ ဖြစ်ပါတယ်။
အရှိတရားကို လက်ခံရင်း မျှော်လင့်ချက်ထားရှိခြင်း
မြန်မာပြည်သူအများစုအတွက် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမည်ဟာ မျှော်လင့်ချက်နဲ့ သတ္တိ တွေကို ပြန်လည်အမှတ်ရစေပါတယ်။ အခုလို သူ နေအိမ်အကျယ်ချုပ် ရောက်လာတာကလည်း အဲဒီအ မှတ်တရတွေကို ပြန်ပြီး နိုးကြားလာစေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ အရှိတရားနဲ့ လည်း တစ်ထပ်တည်းကျဖို့ လိုပါတယ်။
အရှိတရားကတော့ ဒေါ်အောင်ဆန်းစုကြည် ချုပ်နှောင်ခံထားရသရွေ့ သူဟာ လွတ်လပ်သူမ ဟုတ်ဘူးဆိုတာပါပဲ။ နောက်ထပ် အမှန်တရားတစ်ခုကတော့ မြန်မာ့တော်လှန်ရေးဟာ အရင်ထက်စာရင် အနည်းငယ် သက်သာချောင်ချိတဲ့ အခြေအနေဟောင်းကို ပြန်သွားဖို့ မဟုတ်ဘဲ ပုံစံသစ်နဲ့ နိုင်ငံသစ်တစ်ခု ကို တည်ဆောက်ချင်ကြတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ တိုက်ပွဲဖြစ်နေပြီဆိုတာပဲ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ လူချစ်လူခင် ဘယ်လောက်ပဲများတဲ့ အကျဉ်းသားဖြစ်ပါစေ အဲဒီလူ တစ်ယောက်ကို အခန်းပြောင်းရွှေ့ပေးလိုက်ရုံနဲ့ ရလာမှာမဟုတ်ပါဘူး။ အဲဒါဟာ လွတ်လပ်ခွင့်၊ တရားမျှ တမှုနဲ့ မြန်မာပြည်သူအားလုံးအသံကို နားထောင်တဲ့ နိုင်ငံရေးအရ ပြေလည်မှုမျိုးရရှိမှသာ ဖြစ်နိုင်မှာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အပြီးသတ်
လွတ်မြောက်ရေးအတွက် ကြိုးစား ရင်း အထက်မှာပြောခဲ့တဲ့ ရည်မှန်းချက်တွေကို ဆက်ပြီး ဆုပ်ကိုင်ထားတာဟာ သူ့ကို ဂုဏ်ပြုရာရောက် သလိုပဲ လူမသိသူမသိ အနစ်နာခံခဲ့ကြတဲ့ အခြားသော သူရဲကောင်းများစွာကိုလည်း တကယ်တမ်း ဂုဏ် ပြုရာရောက်ပါတယ်။
မေလ ၂ ရက်က Asia Times ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် ဂျိမ်းစ်ရွှေရဲ့ Don’t mistake Suu Kyi’s house arrest for Myanmar’s freedom ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။