ဧရာဝတီတိုင်းမ်
မေ ၃ ရက်

ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်က တီဟီရန်အစိုးရသည် ဝါရှင်တန်ကို အရှက်ခွဲနေတယ်လို့ ပြောကြားခဲ့ပြီးနောက် အမေရိကန်က လာမည့်နှစ်တွေအတွင်း ဂျာမနီနိုင်ငံရှိ တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို ပြန် ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲကြောင့် အတ္တလန္တိတ်သမုဒ္ဒရာ နှစ်ဖက်နိုင်ငံတွေကြား ဆက်ဆံရေး တင်းမာနေချိန် ဂျာမနီနိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင် ၅,၀၀၀ ရုပ်သိမ်းနဲ့ ဆုံးဖြတ်ချက်ကို နား လည်နိုင်ဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း နေတိုးအဖွဲ့က စနေနေ့မှာ ပြောပါတယ်။

အီရန်က ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ဝါရှင်တန်ကို အရှက်ခွဲနေတယ်လို့ ဂျာမန်ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်က ပြောကြားခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အခြေအတင် ဖြစ်ပွားခဲ့ပြီးနောက် ပင်တဂွန်က တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းဖို့ ကြေညာလိုက်တာပါ။

ဥရောပသမဂ္ဂဟာ ယခင်နွေရာသီက လက်မှတ်ရေးထိုးခဲ့တဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို လိုက်နာခြင်းမရှိဟုဆိုကာ ဥရောပမှ ကားနဲ့ ထရပ်ကားတွေအပေါ် ကောက်ခံမဲ့ အခွန်နှုန်းထားတွေ ကို လာမဲ့အပတ်တွင် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဂျာမနီနိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့် ရုပ်သိမ်းမဲ့ လုပ်ငန်းစဉ်ကို နောက်လာမည့် ၆ လမှ ၁၂ လအတွင်း အပြီးသတ်ဖို့ မျှော်မှန်းထားကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က သော ကြာနေ့တွင် ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ စာရင်းတွေအရ နေတိုးမဟာမိတ် ဂျာမနီနိုင်ငံမှာ အမေရိကန် အမြဲတမ်းတပ်ဖွဲ့ဝင် ၃၆,၄၃၆ ဦး ရှိနေပြီး အီတလီမှာ ၁၂,၆၆၂ ဦးနဲ့ စပိန်မှာ ၃,၈၁၄ ဦး ရှိပါတယ်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုရီးယပ်စ်က အမေရိကန်တပ်ဖွဲ့ဝင်တွေ ဥရောပနဲ့ ဂျာ မနီမှ ရုပ်သိမ်းမည်ဆိုသည်မှာ မျှော်လင့်ထားပြီးသားဖြစ်တယ်လို့ စနေနေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က ၎င်း၏ သမ္မတသက်တမ်း နှစ်ခုစလုံးအတွင်း ဂျာမနီအပါအဝင် အခြားသော ဥ ရောပမဟာမိတ်နိုင်ငံတွေရှိ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချမည်ဟု အကြိမ်ကြိမ် ခြိမ်း ခြောက်ခဲ့ပါတယ်။

ဥရောပနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးကိစ္စတွေမှာ ဝါရှင်တန်အပေါ် မှီခိုနေမဲ့အစား ၎င်းတို့ ကိုယ် တိုင် ပိုမိုတာဝန်ယူစေလိုတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ကိုးကား – AFP
Ref; Washington to pull some 5,000 US troops from Germany as rift over Iran war widens