မုံရွာ-အမြင့်လမ်းပိုင်းမှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ဦး နဲ့ ရဲတပ်သား ၁ ဦး ပစ်ခတ်ခံရလို့သေဆုံးပြီး သေနတ်များပါသွား

ဧရာ၀တီတိုင်းမ်

စက်တင်ဘာ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ ယနေ့ စက်တင်ဘာလ ၁၂ ရက် မနက် ၈ နာရီခွဲအချိန်ခန့်တွင် သေနတ်နဲ့ပစ် ခတ်ခံရပြီး နေရာတွင်ပွဲချင်ပြီးသေဆုံးကြောင်း ဒေသခံများထံကသိရသည်။

ပစ်ခတ်ခံရသည့် ရဲ ၂ ဦးမှာ မုံရွာမြို့၊ ညောင်ဖြူပင်ရဲကင်းစခန်းမှဖြစ်ပြီး မုံရွာ-အမြင့်လမ်းပိုင်းပေါ်ရှိ ကုန်စုံ ဆိုင်တခုတွင် စျေးဝယ်ယူနေစဥ် အမည်မသိလက်နက် ကိုင် ၇ ဦးခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

“ ညောင်ဖြူပင်ရဲကင်းက ရဲတပ်ကြပ်ကြီးနဲ့ရဲတပ်သားနဲ့ ၂ ယောက် တယောက်ကရဲကင်းမှူးဖြစ်မယ် ထင်တယ်။ ဈေးဝယ်နေတုန်းပစ်သတ်သွားတာ၊ ၂ ယောက်စလုံးသေတယ်” ဟု ဒေသခံအမျိုးသား တဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးခဲ့ပြီးနောက် ၎င်းတို့ရဲများတွင်ပါရှိသည့် သေနတ်နှစ်လက်ကို လာရောက် ပစ်ခတ်သူများမှ ယူဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုအား Lighting People Defence Force အဖွဲ့က ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မုံရွာ-အမြင့်လမ်းပိုင်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မုံရွာမြို့နယ်သည် စစ်ကောင်စီတပ်၏ အနောက်မြောက် တိုင်းစစ်ဌာနချုပ်(နမခ) တည်ရှိရာမြို့ဖြစ်ပြီး တော်လှန် ရေးအင်အားစုများ အင်အားကောင်းသည့်မြို့ဖြစ်ကြောင်းသိရသည်။

#AyeyarwaddyTimes