တမူးမှာ ပျူစောထီးအဖွဲ့ဝင်တွေက ဖောက်ထွင်းခိုးယူထားတဲ့ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ နယ်လှည့်ရောင်းချနေ

ကိုကိုလေး/ဧရာဝတီတိုင်းမ်

(တမူး)၊ စက်တင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတ်တုတ်ရွာသစ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေရဲ့ နေအိမ်က ပစ္စည်းတွေကို ပျူစောထီးအဖွဲ့ဝင်တွေက ဖောက်ထွင်းခိုးယူပြီး ဆိုင်ကယ်နဲ့ နယ်လှည့်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျူစောထီးအဖွဲ့ဝင်ဖြစ်တဲ့ မောင်မောင် ဟာ စက်တင်ဘာလ ၉ ရက်နေ့က တိရိစ္ဆာန်ဆရာဝန်တစ်ဦးရဲ့နေအိမ်မှ သံသေတ္တာတစ်လုံးနဲ့ အခြားပစ္စည်းတွေကို ဆိုင်ကယ်ပေါ်တင်ပြီး နယ်လှည့်ရောင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” ကြိုက်သလို မွှေနှောက်ယူနေကြတာပေါ့။ လူတွေမရှိတော့ လုပ်ချင်တိုင်းလုပ်နေကြတာ။ မကျေနပ်တဲ့သူဆို အကုန်ဖမ်းတယ်။ အခုဆို သူတို့နဲ့ ပတ်သက်တဲ့သူတွေပဲရှိတော့တယ်။ အခုလဲ ပျူစောထီးတွေက ကျန်နေတဲ့ကစ္စည်းတွေကို ခိုးယူဖို့ ခုလဲ သူတို့ကိုယ်ပိုင်ပစ္စည်းကျနေတာ။ နယ်လှည့်ပီးလိုက်ရောင်းနေတာ “လို့ ဝိတ်တုတ်ရွာသစ်ကျေးရွာက ဒေသခံတစ်ဦးက

ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းနဲ့ ပျူစောထီးအဖွဲ့ဝင်အဖွဲ့ဝင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကို မကြာခဏ ဖောက်ထွင်းခိုးယူလေ့ရှိတယ် လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့ပြင် ဝိတ်တုတ်ရွာသစ်​ ကျေးရွာက တိရိစ္ဆာန် ဆရာဝန်ရဲ့နေအိမ် မှာကျန်ရှိနေတဲ့ စပါးကြိတ်စက်ကိုပါ ပျူစောထီးတွေက ဖြုတ်ခိုးဖို့ ကြံစည်နေကြတယ်လို့လည်း သိရပါတယ်။

ဝိတ်တုတ်ရွာသစ်​ ကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းနဲ့ ပျူစောထီးတွေကို စစ်ကောင်စီက လက်နက်တွေ တပ်ဆင်ပေးထားပြီး လက်ရှိ ဝိတ်တုတ်ရွာသစ်​ ကျေးရွာထဲဲမှာ ပျူစောထီးအဖွဲ့ဝင်အများစုသာ ကျန်ရှိတော့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရပါတယ်

#တမူး #ပျူစောထီး #ဖောက်ထွင်းခိုးယူ #ဆိုင်ကယ် #နယ်လှည့်

#Ayeyarwaddy_Times