ဧရာဝတီတိုင်းမ်
မေ ၂ ရက်
ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အ ကျယ်ချုပ်သို့ ပြောင်းရွှေ့တဲ့ စစ်အုပ်စုရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရက သောကြာနေ့မှာ ကြိုဆိုလိုက်ပါ တယ်။
ထိုင်းအစိုးရက ယခုလုပ်ရပ်ကို အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုအဖြစ် ခေါ်ဆိုခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ပြောပါတယ်။
နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မှုဟာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာမှုကို ထင်ဟပ် စေပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာဆီယံနဲ့မြန်မာကြား သင့်လျော်ပြီး တဖြည်း ဖြည်းချင်း ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ထောက်ခံအားပေးတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ရတ် ချဒါဒါနာဒီရက်က ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တဲ့ နှစ်ရှည်ထောင်ဒဏ်အချို့ကို ကျခံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဟာ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ပြီးနောက်ပိုင်း ပထမ ဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပြီး ၎င်းမှာ ကျန်းမာရေးကောင်း မွန်ကြောင်း အာဏာပိုင်များက ပြောဆိုထားပါတယ်။
စစ်အုပ်စုက သမ္မတ ဦးဝင်းမြင့်အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးခြင်းနဲ့ လက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ကြိုးပမ်းနေမှုကိုလည်း ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားခဲ့တယ်လို့ ရတ်ချဒါက ဆိုပါတယ်။
ကိုးကား – Thai Enquirer
Ref; Thailand Welcomes Suu Kyi House Arrest Move, Says She Remains Detained