ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
ယူကရိန်းသမ္မတ ဇီလန်စကီးက ယူကရိန်းအနေနဲ့ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို အဝေးရောက် လက်နက်တွေသုံးပြီး တိုက်ခိုက်မှုတွေ အရှိန်မြှင့်မယ်လို့ ပြောလိုက်ပါတယ်။
အခုနောက်ပိုင်း ယူကရိန်းက ရုရှားရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အ ရှိန်မြှင့်တိုက်ခိုက်လာတာကို တွေ့ရပါတယ်။
အဓိကကတော့ ရုရှားက ယူကရိန်းကို ကျူးကျော်ဖို့အတွက် အသုံးပြုနေတဲ့ ရန်ပုံငွေတွေကို ဖြတ် တောက်ချင်တာကြောင့်ပါ။
ပြီးခဲ့တဲ့ အင်္ဂါနေ့အထိ ရရှိတဲ့သတင်းတွေအရ ရုရှားတောင်ပိုင်းက ရေနံချက် စက်ရုံတစ်ခုကိုလည်း ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဇီလန်စကီးက ဆိုရှယ်မီဒီယာကနေ ယူကရိန်းထုတ် လက်နက်တွေကိုသုံးပြီး ရုရှားရဲ့ စစ်မီးတောက်နိုင်စွမ်းကို ကန့်သတ်မယ့် အဆင့်သစ်တစ်ခုကို ရောက်နေပြီလို့ ပြောခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ ခရီးဝေးတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီး ရုရှားရဲ့ အကြမ်းဖက်မှုတွေအပေါ် တုံ့ ပြန်တဲ့အနေနဲ့ ဒီလိုတိုက်ခိုက်တာဟာ တရားမျှတမှုရှိတယ်လို့ သူက ဆိုပါတယ်။
ရုရှားရဲ့ စစ်လက်နက်ထုတ်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ရေနံတင်ပို့မှု အားနည်းသွားအောင် လုပ်ဖို့က အရေးကြီးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်က ယူကရိန်းဟာ ပွင့်ပွင့်လင်းလင်း အကြမ်း ဖက်တဲ့ နည်းလမ်းတွေကို ပြောင်းသုံးလာတာလို့ အင်္ဂါနေ့မှာ ပြန်ပြောပါတယ်။
ယူကရိန်းဟာ စစ်မြေပြင်မှာ နယ်မြေတွေ နေ့တိုင်း ဆုံးရှုံးနေရတဲ့အတွက် အခုလို စစ်ဗျူဟာကို ပြောင်းလဲလိုက်တာလို့ ပူတင်က သုံးသပ်ထားပါတယ်။
ကိုးကား – NHK
Ref; Zelenskyy says Ukraine to increase long-range strikes