ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

အမေရိကန်နိုင်ငံ တည်ထောင်တဲ့ နှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် အထူးဒီဇိုင်းနဲ့ ပြုလုပ် ထားတဲ့ နိုင်ငံကူးလက်မှတ်ကို အကန့်အသတ်နဲ့ထုတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင် နေပါတယ်။

ဒီနိုင်ငံကူးလက်မှတ်အသစ်တွေမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပုံရိပ်ကို ထည့်သွင်းဖော်ပြနိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီပစ်ဂေါ့က အီးမေးလ်ကတစ်ဆင့် အတည်ပြု ရာမှာ လာမယ့် ဇူလိုင်လမှာ ကျရောက်မယ့် အမေရိကန်ရဲ့ နှစ် (၂၅၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအ မှတ်အဖြစ် အထူးဒီဇိုင်းနဲ့ နိုင်ငံကူးလက်မှတ်တွေကို ထုတ်ဝေဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

ဒီနိုင်ငံကူးလက်မှတ်အသစ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေနဲ့ အနုပညာလက်ရာသစ်တွေ ပါ ဝင်လာမှာဖြစ်ပြီး ကမ္ဘာပေါ်မှာ အလုံခြုံဆုံး စာရွက်စာတမ်းဖြစ်အောင် လုပ်ဆောင်ထားတဲ့ လက်ရှိ လုံခြုံ ရေးအဆင့်အတန်းတွေကိုတော့ မူလအတိုင်းပဲ ဆက်လက် ထိန်းသိမ်းထားမယ်လို့ သူက ပြောပါတယ်။

The Bulwark ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ဒေါ်နယ်ထရမ့်ရဲ့ ပုံတူကို နိုင်ငံကူးလက်မှတ်ရဲ့ အ တွင်းဘက် မျက်နှာဖုံးမှာ ထည့်သွင်းသွားဖို့ ရှိနေပြီး အုပ်ရေ ၂၅,၀၀၀ လောက်ပဲ အကန့်အသတ်နဲ့ ထုတ် ဝေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အခုထုတ်မယ့် နိုင်ငံကူးလက်မှတ်ဒီဇိုင်းမှာ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယအကြိမ် ကျမ်းသစ္စာဆိုပွဲ ပုံတူ ကို လွတ်လပ်ရေးကြေညာစာတမ်းနဲ့ ထပ်လျက်ဖော်ပြထားပြီး သူ့ရဲ့ လက်မှတ်လည်း ပါဝင်မှာဖြစ်ကာ နောက်ဘက် မျက်နှာဖုံးမှာ ရိုးရာမျိုးချစ်စိတ်ဓာတ်ပြယုဂ် ပုံရိပ်တစ်ခုကို ထည့်သွင်းဖို့ စီစဉ်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဒီလို အထိမ်းအမှတ် နိုင်ငံကူးလက်မှတ်တွေအ တွက် အပိုကြေး ပေးစရာ မလိုဘူးလို့ ပြောပါတယ်။

ဒီဇိုင်းအသစ်တွေမှာလည်း ဒေါ်နယ်ထရမ့်ရဲ့ပုံကို လွတ်လပ်ရေးကြေညာစာတမ်း စာသားတွေ၊ အ မေရိကန်အလံ၊ နောက်ပြီး ရွှေရောင်လက်မှတ်တို့နဲ့အတူ ယှဉ်ပြီး မြင်တွေ့ရမှာပါ။

ဒီနိုင်ငံကူးလက်မှတ်တွေကို လာမယ့်နွေရာသီမှာ စတင်တွေ့မြင်ရမှာဖြစ်ပြီး ဒါဟာ အမေရိကန်အ စိုးရရဲ့ “America250” အထိမ်းအမှတ် အစီအစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။

ကိုးကား – TRT World
Ref; US plans limited-edition passports with President Trump’s image