ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

အရှေ့အလယ်ပိုင်းဒေသတလွှား အစ္စရေးရဲ့ ချိုးဖောက်မှုတွေဟာ နိုင်ငံတကာဥပဒေတွေကို ပျက် စီးစေရုံတင်မကဘဲ အန္တရာယ်ရှိတဲ့ အခြေအနေတွေကိုပါ မီးလောင်ရာလေပင့် ဖြစ်စေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အီရန်သံအမတ်က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။

ဒါ့အပြင် အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အစ္စရေးမှာ တာဝန်ရှိ ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖိအားပေးအရေးယူဖို့ သူက တောင်းဆိုခဲ့ပါတယ်။
အီရန်သံအမတ် အိုင်ရာဗန်နီက “အခုလို အပြစ်ပေးအရေးယူမှု မရှိတာဟာ အန္တရာယ်ရှိတဲ့ ယဉ် ကျေးမှုတစ်ခုကို ဖြစ်စေတယ်” လို့ ဆိုပါတယ်။

နိုင်ငံတကာဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်သူတွေ၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို မဖြစ်မနေ အရေးယူရမယ်လို့ သူက အ လေးအနက် ပြောကြားခဲ့ပါတယ်။

ဂါဇာဒေသမှာ အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး စစ်ရေးအရ တိုက်ခိုက်နေသ လို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားတာကြောင့် အရပ် သားတွေ ငတ်မွတ်ဘေးနဲ့ ဒုက္ခမျိုးစုံ ကြုံနေရပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေးရဲ့ ကျူးကျော်အခြေချမှုတွေဟာ နိုင်ငံတကာဥပဒေနဲ့ ကုလသ မဂ္ဂ ဆုံးဖြတ်ချက်တွေကို သိသိသာသာ ချိုးဖောက်နေတယ်လို့ သူက ထောက်ပြထားပါတယ်။

ဒေသတွင်း မတည်မငြိမ်ဖြစ်ရတာဟာ အစ္စရေးကြောင့်လို့ သူက အပြစ်တင်ထားပြီး ဆီးရီးယား နယ်မြေကို ကျူးကျော်တိုက်ခိုက်တာ၊ ဆီးရီးယားနိုင်ငံပိုင် ဂိုလန်ကုန်းမြင့်ဒေသကို တရားမဝင် ဆက်လက် သိမ်းပိုက်ထားတာနဲ့ လက်ဘနွန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အမြဲတမ်း ချိုးဖောက်နေတာတွေကို လည်း သာဓကအနေနဲ့ ပြောသွားခဲ့ပါတယ်။

ဥပဒေမဲ့ပြီး အကြမ်းဖက်တဲ့ အစိုးရ” လို့ ခေါ်ဆိုလိုက်ပြီး ဒီအစိုးရဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အမြဲတမ်း ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ၎င်းက ဆိုပြီး အီရန်အပေါ် စွပ်စွဲ ချက်တွေကိုလည်း အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ ငြင်းဆိုလိုက်ပါတယ်။

တချို့နိုင်ငံတွေဟာ ဒေသတွင်းမှာ အခုလို ဖြစ်နေရတဲ့ အခြေခံ အကြောင်းရင်းတွေကို လျစ်လျူရှု ပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တရားမဝင်တဲ့ လုပ်ရပ်တွေ၊ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ချက်တွေ ကို အရေးယူမယ့်အစား အီရန်ကိုပဲ အပြစ်ပုံချဖို့ ကြိုးစားနေတယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲသွားခဲ့ပါ တယ်။

ကိုးကား – Anadolu
Ref; Iran’s UN envoy warns Israel’s ‘culture of impunity’ threatens peace across Middle East