ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

ရုရှားနိုင်ငံ၊ ကာ့စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားစဉ် ဖမ်းဆီးမခံရဘဲ ကိုယ့်ကိုယ် ကိုယ် အသေခံတိုက်ခိုက်သွားတဲ့ စစ်သားတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ချီးကျူး စကား ပြောကြားခဲ့ပြီး ဒါဟာ မြောက်ကိုရီးယားရဲ့ တင်းကျပ်လွန်းတဲ့ တိုက်ပွဲဝင်မူဝါဒကို အတည်ပြုလိုက် တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့အတွက် ကာ့စ်ဒေသကို စစ်သည်အင် အား ၁၄,၀၀၀ နီးပါး စေလွှတ်ခဲ့တာပါ။

တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်အုပ်စု တာဝန်ရှိသူတွေရဲ့ အဆိုအရ တိုက်ပွဲတွေအတွင်း မြောက်ကိုရီးယားစစ်သား ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး အကျအဆုံး တော်တော်များခဲ့တယ်လို့ သိရပါ တယ်။

ထောက်လှမ်းရေး အစီရင်ခံစာတွေနဲ့ ဘက်ပြောင်းခိုလှုံလာသူတွေရဲ့ ထွက်ဆိုချက်တွေအရ မြောက်ကိုရီးယားစစ်သားတွေဟာ ရန်သူ့လက်ထဲ အဖမ်းမခံရစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲတာ ဒါ မှမဟုတ် တခြားနည်းလမ်းတွေနဲ့ အသေခံတိုက်ခိုက်ဖို့ ညွှန်ကြားခံထားရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၇ ရက်နေ့က မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာန (KCNA) ရဲ့ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားစစ်သားတွေအတွက် ရည်စူးတဲ့ အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲအခမ်းအနားမှာ ကင် ဂျုံအန်က အခုလို ပထမဆုံးအကြိမ် ထည့်သွင်းပြောကြားခဲ့တာပါ။

အဲဒီအခမ်းအနားကို ရုရှားအရာရှိတွေနဲ့ သေဆုံးသွားတဲ့ စစ်သားမိသားစုဝင်တွေလည်း တက် ရောက်ခဲ့ကြပြီး ကင်ဂျုံအန်းက အဲဒီစစ်သားတွေကို သူရဲကောင်းတွေလို့ ချီးကျူးခဲ့ပါတယ်။

“မွန်မြတ်တဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့လမ်း၊ အသေခံတဲ့ လမ်းကို မဆိုင်းမတွ ရွေးချယ်ခဲ့ကြတဲ့ သူရဲကောင်းတွေတင်မကဘဲ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသူတွေကိုပါ ချီးကျူးဂုဏ်ပြုပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲကနေ အသက်ရှင် လွတ်မြောက်လာသူတွေကိုလည်း မျိုးချစ်စိတ်ရှိသူတွေအဖြစ် သတ်မှတ်ကြောင်း ကင်ဂျုံအန်က ပြောသွားခဲ့ပါတယ်။

“ကျည်ဆန်တွေ၊ လက်နက်ကြီးကျည်တွေကြောင့် ခန္ဓာကိုယ် ပျက်စီးသွားရတဲ့ ဒဏ်ရာဝေဒနာ ထက် စစ်သားတစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်လိုက်ရမှာကို ပိုပြီး စိတ်မကောင်းဖြစ်နေကြသူတွေဟာ လည်း ပါတီရဲ့ သစ္စာရှိစစ်သည်တွေနဲ့ မျိုးချစ်သူရဲကောင်းတွေပါပဲ” လို့ ၎င်းက ဆိုပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့တွေရဲ့ သုံးသပ်ချက်အရတော့ မြောက်ကိုရီးယားဟာ စစ် သည်အင်အားနဲ့ ခဲယမ်းမီးကျောက်တွေ ပို့ပေးတဲ့အတွက် ရုရှားဆီကနေ စီးပွားရေးအထောက်အပံ့တွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာအကူအညီတွေ ပြန်ရနေတယ်လို့ သိရပါတယ်။

ကိုးကား – Reuters
Ref; N. Korea’s Kim praises soldiers who committed suicide to evade capture in Ukraine