ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ပြင်မှာဖြစ်ပွားခဲ့တဲ့ ရထားတိုက်မှုအတွင်း သေဆုံးသူ ၁၄ ဦး ရှိ ကြောင်း ဧပြီ ၂၈ ရက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက အတည်ပြုလိုက်ပါတယ်။
ဒီမတော်တဆမှုဟာ တနင်္လာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂျာကာတာမြို့ပြင်ရှိ Bekasi Timur ဘူ တာမှာ ရပ်ထားတဲ့ မြို့ပတ်ရထားရဲ့ နောက်ဆုံးတွဲကို ခရီးဝေးရထားတစ်စီးက ဝင်တိုက်ခဲ့တာပါ။ အတိုက် ခံရတဲ့ ရထားတွဲဟာ အမျိုးသမီးများသာ စီးနင်းရမယ့်တွဲဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၈၄ ဦး ရှိခဲ့ပြီး အားလုံးကို ဆေးရုံတွေကို ပို့ဆောင်ကုသ ပေးထားကြောင်း အစိုးရပိုင်ရထားကုမ္ပဏီရဲ့ CEO က ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ဖို့ ဆေးရုံ ကို ပို့ဆောင်ထားပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျက်စီးသွားတဲ့ ရထားတွဲအတွင်းက ပိတ်မိနေသူအား လုံးကို အင်္ဂါနေ့မနက်ပိုင်းမှာ အပြီးသတ် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ မိုဟာမက်ရှာဖီက နောက်ထပ် ထိခိုက် သေဆုံးသူ မရှိတော့ကြောင်း အတည်ပြုပါတယ်။ ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၂၄၀ ဦး စလုံးက တော့ ဘေးကင်းကြတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဂျာကာတာ ရဲတပ်ဖွဲ့အကြီးအကဲ အီဆက်အဒီဆူဟာရီက ဒီရထားတိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သတင်းထောက်တွေကို ပြောပါတယ်။
ရထားကုမ္ပဏီ CEO ရက်စ်ယီဒင်ရဲ့ အဆိုအရ အခြားမြို့ပတ်ရထားတစ်စီးဟာလည်း ဘူတာအနီး လမ်းကူးတစ်ခုမှာ ရပ်တန့်နေတဲ့ တက္ကစီတစ်စီးကို တိုက်မိခဲ့သေးတာကြောင့် ရထားလမ်းစနစ် ချို့ယွင်းမှု ကြောင့် ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဟောင်းနွမ်းနေတဲ့ ရထားလမ်းကွန်ရက်တွေမှာ မတော်တဆမှုတွေဟာ ခဏခ ဏ ဖြစ်လေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း ဂျာဗားကျွန်းအနောက်ပိုင်းမှာ ရထားနှစ်စင်း တိုက်မိခဲ့လို့ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ဖူးပါတယ်။
ကိုးကား – Independent
Ref; At least 14 dead and dozens injured after crash between two passenger trains in Indonesia