မိုးဗြဲတိုက်ပွဲအတွင်း လူနေအိမ် ၁၀၀ ထက်မနည်းပျက်စီး၊ ဒေသခံ ၅ ထောင်ကျော် စစ်ဘေးရှောင်နေရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၂ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စက်တာဘာလ (၈)ရက်နေ့က စတင်ကာ ယနေ့အချိန်အထိ စစ်ကောင်စီတပ်နှင့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင်း မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ် လူနေအိမ် ၁၀၀ ထက်မနည်းပျက်စီးခဲ့သည့်အပြင် ဒေသခံ ၅ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ယမန်နေ့က တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီ၏ အင်အားသုံးထိုးစစ်ဆင်မှုများအား ဆက်လက်ခုခံတိုက်ခိုက်နိုင်ရန်အတွက် PDF များအနေဖြင့် စစ်ရေးအကူအညီ အများအပြားလိုအပ်နေကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ဓာတ်ပုံ – ပေးပို့

#မိုးဗြဲ #တိုက်ပွဲ #လူနေအိမ် #၁၀၀ #ပျက်ဆီး #စစ်ဘေးရှောင်

#Ayeyarwaddy_Times