စစ်ကောင်စီတပ် ကော်ဘရာစစ်ကြောင်းနဲ့ထိပ်တိုက်တွေ့ပြီး အသေဆုံးများလို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ညပိုင်းက ကရင့်အမျိုးသားလွတ်ဧရာဝတီတိုင်းမှာ တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦး ပြန်လည်တွေ့ရှိ
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီတိုင်း)၊ စက်တင်ဘာလ ၁၂ ရက်
ဧရာဝတီတိုင်းမှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၇ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာသစ် ၄၀ ဦးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်လူနာသစ်တွေ့ရှိမှုဟာ စက်တင်ဘာလထဲမှာ ပြန်လည်များပြားလာတာဖြစ်ပြီး ဆေးထိုးပြီးသား သူတွေရော မထိုးရသေးတဲ့သူတွေမှာ ကူးစက်နေတာကြောင့် စိတ်ပူရတဲ့ အခြေအနေရှိတယ်လို့ CDM ဆရာဝန် တွေက သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
“ ခုကတကျော့ပြန်ဖြစ်တဲ့သဘောပေါ့ မေ့လောက်တဲ့အခြေအနေထိ ငြိမ်သွားပြီးမှ ပြန်ဖြစ်တာ စိတ်ပူရတယ် ပြည်သူတွေက အရင်လို စည်းကမ်းမလိုက်နာရင် အရင်လောက်မများပေမယ့် ကူးစက်မှုကတော့ စိတ်ပူစရာ အခြေအနေတွေ ရှိလာနိုင်သေးတယ်”လို့ CDM ဆရာဝန်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တကျော့ပြန်ကိုဗစ်ဖြစ်ပွားချိန်မှာ စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေလုပ်တာကြောင့် အစုလိုက် အပြုံလိုက် ရောဂါကူးစက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စက်တင်ဘာလဆန်းပိုင်းစတင်ကာ ရောဂါကူးစက်ခံရတာတွေ ပြန်လည်များပြား လာတာကာ အများဆုံးကတော့ ဟင်္သာတခရိုင်မှာ ၃၇ ဦးနဲ့ ပုသိမ်ခရိုင်မှာ ၃ ဦးတွေ့ရှိထားတာဖြစ်ပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။
#Ayeyarwaddy_Timesမြောက်ရေးတပ်မတော်လက်အောက်ခံ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ် ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ကော်ဘရာတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အမှတ် ၆ ရပ်ကွက်မှာ ကော်ဘရာစစ်ကြောင်းကတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားချိန်မှာ စစ်ကောင်စီ တပ်သားတွေ ကျူးကျော်လာလို့ ထိပ်တိုက်ပစ်ခတ်မှုတွေရှိခဲ့ပြီး ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက် တာမျိုးမရှိပေမယ့် စစ်ကောင်စီဘက်ကတော့ အသေဆုံးများနိုင်ပြီး အရေအတွက် အတည်ပြုမရသေးဘူးလို့ ဆိုပါတယ်။
ကော်ဘရာစစ်သည်တော်တွေနဲ့ ထိတိုက်တွေ့ပြီး စစ်ကောင်စီတပ်ဘက်က အကျဆုံးများတာကြောင့် မြဝတီ- ဝေါ်လေ ကားလမ်းပေါ် ကျော်ဝါးဘိုးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ မနက်အစောပိုင်း ၁ နာရီကနေ ၃ နာရီခွဲထိ ရမ်းသန်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီလောက်ထိလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေပြုလုပ်ခဲ့ပေမယ့် ပြည်သူတွေပို့သတဲ့ မေတ္တာကြောင့် ကော်ဘရာ စစ်သည်တော်တွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ကရင်ပြည်နယ်ထဲက ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စက်တင်ဘာလဆန်းပိုင်းကစတင်ကာ မကြာခဏကျူးကျော်တာတွေပြုလုပ်နေပြီး အကျဆုံး များတဲ့အခါ လက်နက်ကြီးတွေနဲ့ ပစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အထက်အမိန့်ကြောင့် ကျူးကျော်တာတွေပြုလုပ်ရတဲ့အခါ စစ်ကြောင်းမှာပါဝင်လာသူတွေ က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်လက်အောက်ခံ စစ်ကြောင်းတွေထံ အလင်းဝင်လာတာတွေ လည်းရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း
#စစ်ကောင်စီ #ကော်ဘရာစစ်ကြောင်း #ထိပ်တိုက်တွေ့ #အကျအဆုံးများ #လက်နက်ကြီး
#Ayeyarwaddy_Times