ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုစတင်ပြီး နောက်တစ်ရက်ဖြစ်တဲ့ အင်္ဂါ နေ့မှာ အီရန်မှထွက်ခွာဖို့ ကြိုးစားနေတဲ့ ဆီတင်သင်္ဘောနှစ်စင်းကို အမေရိကန် ဖျက်သင်္ဘောတစ်စင်းက တားဆီးလိုက်ပါတယ်။
အဲဒီနောက် အဲဒီသင်္ဘောတွေကို နောက်ကြောင်းပြန်လှည့်ဖို့ ညွှန်ကြားခဲ့တယ်လို့ အမည်မဖော်လို တဲ့ အမေရိကန် အရာရှိတစ်ဦးက ပြောပါတယ်။
အဲဒီဆီတင်သင်္ဘောတွေဟာ အိုမန်ပင်လယ်ကွေ့မှာရှိတဲ့ ချာဘာဟာဆိပ်ကမ်းမှ ထွက်လာတာ ဖြစ်ပြီး အမေရိကန်စစ်သင်္ဘောက ရေဒီယိုကနေတစ်ဆင့် ဆက်သွယ်ပြီး တားဆီးခဲ့တာလို့ အဆိုပါအရာရှိ က ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ပိတ်ဆို့မှုဟာ လက်တွေ့မှာ တော်တော်လေး အားကောင်းနေတာကို တွေ့ရပြီး ဒီပိတ်ဆို့မှုရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက် ကြားကို အီရန်က ပြန်ဖွင့်ပေးလာအောင် ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေ ရိကန်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို အီရန်ဘက်က လက်ခံလာအောင် ဒေါ်နယ်ထရမ့်က ဒီ ပိတ်ဆို့မှုနဲ့ ကြိုးစားနေတာပါ။
အဲဒီစည်းကမ်းချက်တွေထဲမှာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့လည်း ပါဝင်ပေမယ့် အခုလို ရေလက်ကြား ပြန်ဖွင့်ပေးဖို့ဆိုတာဟာ ရှေ့အပတ်မှာ သက်တမ်းကုန်တော့မယ့် အပစ်ရပ်စဲရေး သဘော တူညီချက်ရဲ့ အချက်အလက်တစ်ခုဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ တော်တော်လေး အတိုင်းအတာကြီးမားပြီး အမေရိကန်စစ် သည်အင်အား ၁၀,၀၀၀ ကျော်၊ စစ်သင်္ဘော ဒါဇင်ဝက်ကျော်နဲ့ စစ်လေယာဉ် အစင်းပေါင်းများစွာ ပါဝင်နေ တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
အမေရိကန်စစ်တပ်ရဲ့ အဆိုအရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘော တွေအနေနဲ့ အီရန်ကိုသွားတာ ဒါမှမဟုတ် အီရန်မှ ထွက်လာတာမျိုး မဟုတ်ရင်တော့ လွတ်လပ်စွာ သွား လာခွင့်ကို ကူညီပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ပိတ်ရက်က စစ်ပွဲအဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးတဲ့နောက်မှာ ဒေါ်နယ်ထ ရမ့်က ဒီပိတ်ဆို့မှုကို ကြေညာခဲ့တာပါ။ ဒီသတင်းတွေကြောင့် ရေနံစျေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အ ထက်အထိ ခုန်တက်သွားခဲ့ပေမဲ့ ဆွေးနွေးပွဲတွေ ပြန်ဖြစ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကြောင့် အင်္ဂါ နေ့မှာတော့ စျေးပြန်အေးသွားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; US destroyer stops two Iran-linked oil tankers from passing Strait of Hormuz