ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်

မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့ ရွေးချယ်မှုကို လေးစားသမှုရှိတယ်လို့ မြောက်ကိုရီးယား နိုင် ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီက အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး သမ္မတသစ် ရွေး ချယ်မှုနဲ့ပတ်သက်တဲ့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA ရဲ့ မေးမြန်းချက်ကို ၎င်းက ဧပြီလ ၁၄ ရက်မှာ ဖြေကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သမ္မတ သစ် တက်လာတာတွေကြောင့် ၅ နှစ်ကြာ နိုင်ငံရေးအကူးအပြောင်း ကာလဟာ ပြီးဆုံးသွားပြီလို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့ အဆင့်သစ်တစ်ခုကို ရောက်ရှိသွားပြီလို့ မြောက် ကိုရီးယားက ရှုမြင်ထားကြောင်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ လူမှုရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေရဖို့၊ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့ ရွေးချယ်မှုကိုလည်း မြောက်ကိုရီးယားက လေးစားတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေသစ်ဟာ နိုင်ငံရေး၊ လူမှုရေး တည်ငြိမ်မှုတွေကို ဆောင်ကြဉ်းပေးနိုင်ဖို့ စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုပါ ဦးတည်သွားနိုင်ဖို့ မျှော် လင့်ကြောင်းလည်း ၎င်းက ပြောပါတယ်။

ကိုးကား – KCNA
Ref; DPRK Foreign Ministry Sportsperson on General Election of Parliament in Myanmar