ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်

သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့ညနှောင်းပိုင်းမှာ ပုပ်ရဟန်းမင်းကြီး လီယိုကို အရင်နဲ့မတူ အောင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သူ့ကိုယ်သူ ယေရှုခရစ်တော်အသွင်နဲ့ လူနာတွေကို ကုသပေးနေတဲ့ AI နဲ့ဖန်တီးထားတဲ့ ပုံတစ်ပုံကိုပါ လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။

ဒါပေမဲ့ သူ့ကို အမြဲထောက်ခံတဲ့ ခရစ်ယာန်ဘာသာဝင်တွေဆီကပါ ဝေဖန်မှုတွေ ထွက်လာတာ ကြောင့် တနင်္လာနေ့မှာ အဲဒီပုံကို ပြန်ဖျက်လိုက်ပြီး ဆရာဝန်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထင် လို့ တင်မိတာပါလို့ ဒေါ်နယ်ထရမ့်က ဆင်ခြေပေးခဲ့ပါတယ်။

Truth Social ပို့စ်မှာ ဒေါ်နယ်ထရမ့်က ပုပ်ရဟန်းမင်းကြီးကို ပျော့ညံ့သူလို့ ခေါ်ခဲ့သလို “ကျွန် တော်သာ အိမ်ဖြူတော်မှာ မရှိရင် သူလည်း ဗာတီကန်မှာ ရှိမှာမဟုတ်ဘူး” လို့ ရေးသားခဲ့ပါတယ်။ အဲဒီ နောက် မိနစ် ၄၀ အကြာမှာ သူ့ကိုယ်သူ အလင်းတန်းတွေကြားမှာ လူနာတစ်ဦးကို လက်နဲ့တို့ပြီး ကုသပေး နေတဲ့ ခရစ်တော်ပုံစံ AI ပုံကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အီရန်စစ်ပွဲနဲ့ အရပ်သားတွေ သေဆုံးနေရတာကို အကြိမ်ကြိမ် ရှုတ်ချခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့ နာမည်ကို တိုက်ရိုက်မပြောပေမဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အရာရာကို တတ်နိုင်တယ်ဆိုတဲ့ အထင်မှားမှုအပေါ် အခြေခံနေတယ်လို့ ဝေဖန်ခဲ့ပြီးနောက်မှာ အခုလို ဒေါ်နယ်ထရမ့် ရဲ့ တုံ့ပြန်မှု ထွက်ပေါ်လာတာပါ။

ပုပ်ရဟန်းမင်းကြီးက သူဟာ အမေရိကန်အစိုးရကို မကြောက်ဘူးလို့ ဖြေခဲ့သလို ခရစ်ယာန်တရား တော်အတိုင်း ဆက်ပြီး ဟောပြောသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ရဲ့ လူမှုကွန်ရက်နာမည်ဖြစ်တဲ့ Truth Social ဆိုတာဟာ နာမည်နဲ့ အလုပ် နဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သူတင်သမျှ ပို့စ်တွေ ဘယ်လောက်ပဲ အငြင်းပွားစရာဖြစ်ပါစေ ပြန်ဖျက်လေ့မ ရှိပေမဲ့ အခု AI နဲ့လုပ်ထားတဲ့ ယေရှုခရစ်တော်ပုံဟာ သူ့ကို အမာခံထောက်ခံတဲ့ ခရစ်ယာန်တွေကြားမှာပါ ဂယက်အတော်လေး ရိုက်သွားခဲ့တာပါ။

Fox News က Riley Gaines နဲ့ ခရစ်ယာန်ဝေဖန်ရေးသမား Megan Basham တို့လို ဒေါ်နယ် ထရမ့်ဘက်တော်သားတွေကတောင် ဒီပုံဟာ ဘာသာရေးအရ စော်ကားရာရောက်တယ်လို့ ပြင်းပြင်းထန် ထန် ဝေဖန်ခဲ့ကြပါတယ်။

ကိုးကား – AFP
Ref; Donald Trump deletes AI image of himself as Jesus after attacking Pope Leo